Connect with us

Environment, Disasters & Accidents

ဘီးလင်းမြို့နယ်တွင် ရေစီးနှင့်အတူ မျောပါသွားသော တပ်မတော်သား သုံးဦးအနက် နှစ်ဦး သေဆုံးလျက်ပြန်တွေ့

ဘီးလင်းမြို့နယ်တွင်း ရေကြီးခဲ့သော လမ်းမကြီးအားတွေ့ရစဉ်(လွှတ်တော်ကိုယ်စားလှယ်)

ရန်ကုန်၊ ဇူလိုင် ၃၁ ရက် (ဆင်ဟွာ)

မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်အတွင်း ဇူလိုင် ၂၇ ရက်နေ့တွင် ရေစီးနှင့်အတူ မျောပါသွားသော နယ်မြေခံ တပ်မတော်သား သုံးဦးအနက် နှစ်ဦးအား သေဆုံးလျက်ပြန်လည်တွေ့ရှိခဲ့ကြောင်း တပ်မတော်ကာကွယ်ရေးဦးစီး ချုပ်ရုံးက ထုတ်ပြန်သော သတင်းအရ သိရသည်။

အဆိုပါ ရေစီးနှင့်အတူ မျောပါပျောက်ဆုံး သွားခဲ့သည့် စစ်သည် သုံးဦးအနက် စစ်သည် တစ်ဦး၏ ရုပ်အလောင်းအား ယမန်နေ့ နေ့လယ်ပိုင်းတွင် ပြန်လည်ရှာဖွေတွေ့ရှိခဲ့ပြီး ယင်းနေ့ ညနေပိုင်းတွင် တပ်မတော်လုပ်ထုံး လုပ်နည်းများနှင့်အညီ စစ်အခမ်းအနားဖြင့် ကောင်းမွန်စွာသြင်္ဂိုဟ်ပေးခဲ့ပြီးဖြစ်သည်။

ယင်း ကျန်စစ်သည် ၂ ဦးအား ဆက်လက်ရှာဖွေခဲ့ရာ ယနေ့(ဇူလိုင် ၃၁)ရက် နံနက် ၈ နာရီ ၄၅ မိနစ်ခန့်တွင် မစောတံတား၏ တောင်ဘက် မီတာ ၁၄၀၀ ခန့်အကွာ ရေအောက်ရှိ ချုံနွယ် များအတွင်း ငြိတွယ်လျက်ရှိသော စစ်သည် ၁ ဦး၏ ရုပ်အလောင်းအား ထပ်မံရှာဖွေ တွေ့ရှိခဲ့ပြီး ဘီးလင်းမြို့ပြည်သူ့ဆေးရုံသို့ ပို့ဆောင်၍ လုပ်ထုံးလုပ်နည်းများနှင့်အညီ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ကျန်ရှိနေသော တပ်မတော်သားတစ်ဦးကိုလည်း ဆက်လက်ရှာဖွေနေကြောင်း သိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.