Connect with us

Environment, Disasters & Accidents

မကွေးတိုင်းဒေသကြီး ရေနံချောင်းမြို့နယ်တွင် မိုးသည်းထန်စွာ ရွာသွန်း၍ အနိမ့်ပိုင်း ရပ်ကွက်အချို့ ရေဝင်နစ်မြုပ်

မကွေးတိုင်းဒေသကြီး ရေနံချောင်းမြို့နယ်တွင် အနိမ့်ပိုင်း ရပ်ကွက်အချို့ ရေဝင်နစ်မြုပ်စဉ် (ဓာတ်ပုံ-- MOI)

ရန်ကုန်၊ စက်တင်ဘာ ၃ ရက် (ဆင်ဟွာ)

မကွေးတိုင်းဒေသကြီး ရေနံချောင်းမြို့နယ်တွင် ယမန်နေ့ည ၈ နာရီခန့်က မိုးသည်းထန်စွာ ရွာသွန်း၍ အနိမ့်ပိုင်းရပ်ကွက်အချို့ ရေဝင်နစ်မြုပ်မှု ဖြစ်ပွားခဲ့ကြောင်း ပြန်ကြားရေးဝန်ကြီးဌာနမှ ယနေ့သတင်းထုတ်ပြန်သည်။

မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ရေနံချောင်းမြို့ ချောင်းတိမ်ချောင်း ရေကြီးရေလျှံမှုဖြစ်ပွားကာ ဖြတ်သန်းသွားလာသော ယာဉ်များအား အန္တရာယ် ကင်းရှင်းစေရန် ခေတ္တစောင့်ဆိုင်းစေခြင်း၊ မော်တော် ဆိုင်ကယ်များအား ချောင်းကျော်တံတားပေါ်မှ ဖြတ်သန်းစေခြင်း များကို မြို့နယ်မီးသတ် ဦးစီးဌာန ဝန်ထမ်းများက ကူညီ ဆောင်ရွက်ပေးလျက် ရှိသည်။

ချောင်းတိမ်ချောင်း ရေကြီးရေလျှံမှုကြောင့် မြို့နယ်ပြန်/ဆက်ရုံးနှင့် အနိမ့်ပိုင်းရပ်ကွက်အချို့ ရေဝင်နစ် မြုပ်ခဲ့ပြီး မိုးများ ဆက်လက်ရွာသွန်းခဲ့ကြောင်း ပြန်ကြားရေးဝန်ကြီးဌာန ၏ ထုတ်ပြန်ချက်ထဲတွင်ပါရှိသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.