Connect with us

Environment, Disasters & Accidents

မန္တလေးတိုင်းဒေသကြီးရှိ ရေဆိုးထုတ်စက်ရုံ(ရွှေဂဲ)မှ တစ်နာရီလျှင် ရေဂါလန် ၂ ဒသမ ၆ သန်း စွန့်ထုတ်နိုင်ရန် တိုးမြှင့်ဆောင်ရွက်

တစ်နာရီလျှင် ရေဂါလန်နှစ်သန်း စွန့်ထုတ်နိုင်မည့် အမှတ် (၂) ရေဆိုးထုတ် စက်ရုံဖွင့်ပွဲကျင်းပနေစဉ် (ဓာတ်ပုံ-မြ၀တီ)

ရန်ကုန်၊ စက်တင်ဘာ ၂၇ ရက် (ဆင်ဟွာ)

မန္တလေးမြို့ နံကပ်အင်းအနီးရှိ အမှတ်(၂) ရေဆိုးထုတ် စက်ရုံ(ရွှေဂဲ)မှ တစ်နာရီလျှင် ရေဂါလန် ၁ ဒသမ ၆ သန်းထုတ်ရာမှ ရေဂါလန် ၂ ဒသမ ၆ သန်းအထိ စွန့်ထုတ်နိုင်ရန် ဆောင်ရွက်နေကြောင်း မန္တလေးမြို့တော် စည်ပင်သာယာရေး ကော်မတီ ရေသန့်ရှင်းရေးဌာနမှ သိရသည်။

အဆိုပါ ရေဂါလန်တိုးမြှင့် စွန့်ထုတ်နိုင်ရေးအတွက် ဘဏ္ဍငွေကျပ်သိန်း ၅ဝဝဝ ဖြင့် ဆောင်ရွက်နေကြောင်း သိရသည်။

မန္တလေးမြို့တွင် မင်္ဂလာမြောင်း၊ ကိုလန်ဘိုမြောင်း၊ ပရံတော်ချောင်း၊ ရွှေတချောင်းမြောင်း၊ ငွေတချောင်း မြောင်း၊ သင်္ဂဇာမြောင်း၊ တပ်မျောချောင်း၊ မြောင်ကြီးမြောင်းတို့သည် အဓိကရေဆိုးထုတ်သည့် မြောင်းများဖြစ်ကာ ထိုမှတစ်ဆင့် တောင်သမန် အင်း၊ ကန်တော်ကြီး (တက်သေးအင်း)နှင့် နံကပ်အင်းတို့တွင် စုစည်းလျက်ရှိရာ ရေဆိုး ထုတ်စက်ရုံခြောက်ရုံဖြင့် ဧရာဝတီမြစ်အတွင်းသို့ ရေများစုပ်ထုတ်လျက် ရှိကြောင်း သိရသည်။

မန္တလေးမြို့တော် စည်ပင်သာယာရေး ကော်မတီမှ တည်ဆောက်ထားသည့် ရေဆိုးထုတ်စက်ရုံများမှာ ကပ်ကျော် ဘုရားအနီးရှိ အမှတ်(၁) ရေဆိုးထုတ်စက်ရုံ၊ ရွှေဂဲချောင်းအနီးရှိ အမှတ်(၂) ရေဆိုးထုတ်စက်ရုံ၊ သံဃာ့ဆေးရုံ အနီးရှိ အမှတ်(၃)ရေဆိုးထုတ်စက်ရုံ၊ ဇောင်းကလော ချောင်းအနီးရှိအမှတ် (၄)ရေဆိုးထုတ်စက်ရုံ၊ သင်္ဂဇာချောင်းအနီးရှိ အ မှတ်(၅) ရေဆိုးထုတ်စက်ရုံနှင့် နဂါးနီဘုရားအနီးရှိ အမှတ် (၆)ရေဆိုးထုတ် စက်ရုံတို့ဖြစ်ပြီး ယင်းစက်ရုံများမှ တစ် နာရီလျှင် ရေဂါလန်စုစုပေါင်း ရှစ်သန်းကျော်ကို စွန့်ထုတ်နိုင်ကြောင်း သိရသည်။(Xinhua)

”မြို့ပေါ် ရေကြီးရေလျှံမှု မဖြစ်စေဖို့အတွက် ရေဆိုးထုတ်စက်ရုံ ခြောက်ရုံကနေ ဧရာဝတီမြစ်အတွင်းကို စွန့်ထုတ် ပေးနေတယ်။ စက်ရုံခြောက်ရုံကနေ စုပ်ထုတ်ပေးနေပေမယ့် တကယ်တမ်းကျ မလုံလောက်ဘူး။ အဲဒီအတွက် ADB ရဲ့အကူအညီနဲ့အတူ စက်ရုံတွေထပ်ပြီး တည်ဆောက်သွားမှာပါ”ဟု ရေသန့်ရှင်းရေးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.