Connect with us

Environment, Disasters & Accidents

မုန်တိုင်းအန္တရာယ်ကြောင့် ပုသိမ်ခရိုင်၊ ကျောင်းကုန်းမြို့နယ် အတွင်းရှိ စာသင်ကျောင်းများ ခေတ္တပိတ်ထား

မုန်တိုင်းဖြတ်သန်းနိုင်ခြေရှိသည့်လမ်းကြောင်းအားတွေ့ရစဉ် (ဓာတ်ပုံ-- မိုးဇလ)

ရန်ကုန်၊ အောက်တိုဘာ ၂၃ ရက် (ဆင်ဟွာ)

ဧရာဝတီ တိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ကျောင်းကုန်းမြို့နယ် အတွင်းရှိ အခြေခံပညာသင်ကျောင်းများအားလုံး အောက်တိုဘာ ၂၄ ရက်နေ့ တစ်ရက်ကို ကျောင်း ပိတ်ရန်နှင့် မုန်တိုင်းဖြတ်ကျော်ပြီးသွားပါက အခြေအနေကို စာရင်းပေးပို့ကြရန်၊ မိမိတို့ကျောင်းရှိ အရေးကြီး စာရွက်စာတမ်းများ စနစ်တကျထုပ်ပိုးသိမ်းဆည်းရန် တို့ကို မြို့နယ်ပညာရေးမှူး ရုံးမှညွှန်ကြား ထားကြောင်း ပြန်ကြားရေးဝန်ကြီးဌာနမှ သတင်းထုတ်ပြန်သည်။

ဘင်္ဂလားပင်လယ်အော် အရှေ့ပိုင်းတွင် လတ်တလောဖြစ်ပေါ်နေသော မုန်တိုင်းငယ်သည် ဆိုင်ကလုန်း မုန်တိုင်း အဖြစ် အားကောင်းလာကာ မြန်မာနိုင်ငံ ဧရာဝတီတိုင်းဒေသကြီး၊ ဟိုင်းကြီးကျွန်းအနီး ဖြတ်သန်းသွား မည်ဖြစ်ကြောင်း၊ မုန်တိုင်းငယ်၏ လက်ရှိအခြေအနေမှာ မြန်မာ့ကမ်းရိုးတန်း (မြစ်ဝကျွန်းပေါ်ဒေသများ)နှင့် နီးကပ်နေပါသဖြင့် အနီရောင်အဆင့် သတ်မှတ်ပါသည်ဟု မိုးလေဝသနှင့်ဇလဗေဒ ညွှန်ကြားမှုဦးစီးဌာန၏ မုန်တိုင်း ငယ်သတိပေးချက် အမှတ်စဉ်(၁၀)တွင် ကြေညာထားကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.