Connect with us

Environment, Disasters & Accidents

မုန်းချောင်းရေလှောင်တမံ  သတ်မှတ်ရေအမှတ်ထက် ၁ ပေ ကျော်လွန်လျက်ရှိ 

မုန်းချောင်းရေလှောင်တမံအားတွေ့ရစဉ် (ဓာတ်ပုံ-- Myanmar Digital News)

ရန်ကုန်၊ စက်တင်ဘာ ၂၄ ရက် (ဆင်ဟွာ) 

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စေတုတ္တရာမြို့နယ်ရှိ မုန်းချောင်းရေလှောင်တမံသည် ရေအမှတ် (၅၂၁)ပေ သို့ရောက်ရှိနေရာ သတ်မှတ်ထားသော တမံရေအမှတ်ပေ (၅၂၀) ထက် (၁)ပေ ကျော်လွန်နေ၍ မုန်းတမံအောက်ဘက်တွင်ရှိသော မြို့နယ်အတွင်းရှိရပ်ကွက်များနှင့် ကျေးရွာနေပြည်သူများ သိရှိနိုင်ရန် ကြိုတင်စီမံခန့်ခွဲ့မှုအဆင့်(၁) အဖြစ် သတ်မှတ်ကာ အစိမ်းရောင်အလံများစိုက်ထူ အသိပေးနှိုးဆော်မှု ဆောင်ရွက်ထားကြောင်း သိရသည်။

စိုက်ပျိုးရေး၊ မွေးမြူရေး နှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ဒုတိယအမြဲတမ်းအတွင်းဝန် ဦးမျိုးတင့်ထွန်းက “သတ်မှတ်ထားတဲ့ ရေအမှတ် ၁ ပေ ထက် ကျော်တယ် ဆိုတာ နည်းတယ်။ စိုးရိမ်စရာမရှိပါဘူး။ တအားစိုးရိမ်ရတဲ့ အခြေအနေမျိုးတော့ မရှိသေးပါဘူး’’ ဟု ဆင်ဟွာသို့ စက်တင်ဘာ ၂၄ ရက်တွင်ပြောသည်။ 

ရေပိုလွှဲမှ ရေကျော်မှုများရှိနေသော်လည်း ဒေသခံပြည်သူများအနေဖြင့် စိုးရိမ်စရာအခြေအနေ မရှိသေးကြောင်း၊ သဘာဝဘေးအန္တရာယ်ကင်းရှင်းစေရေး စီမံချက်အရ ပြည်သူများသိရှိနိုင်စေရန် အစိမ်းရောင် အလံစိုက်ထူ၍ အသိပေးနှိုးဆော်ထားခြင်းဖြစ်ကြောင်း ၄င်းက ဆိုသည်။ဆက်လက်၍ ပြည်သူများ သဘာဝဘေးအန္တရာယ်ကင်းရှင်းစေရေးအတွက် ရေလှောင်တမံအခြေအနေများအား အချိန်နှင့်တစ်ပြေးညီ သိရှိနိုင်ရန် အသိပေးဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။  (Xinhua) 

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.