Environment, Disasters & Accidents
မြစ်သားမြို့၌ မိုးရွာသွန်းပြီးရေလျှံမှုကြောင့် အိမ်ထောင်စု ၁၃၇၁စု ပြောင်းရွှေ့

ရန်ကုန်၊ အောက်တိုဘာ ၂၁ ရက် (ဆင်ဟွာ)
မန္တလေးတိုင်းဒေသကြီး မြစ်သားမြို့တွင် မိုးများရွာသွန်းပြီး ရေလျှံမှုများကြောင့် ယနေ့ အောက်တိုဘာ ၂၁ ရက်နေ့၌ စမုံမြစ်နှင့် ပန်းလောင်မြစ်ဘေး အနိမ့်ပိုင်းကျေးရွာများဖြစ်သော ရွာပေါင်း ၁၄ရွာမှ အိမ်ထောင်စု ၁၃၇၁စု ပြောင်းရွှေ့နေထိုင်နေရကြောင်း ပြန်ကြားရေးဝန်ကြီးဌာနက ထုတ်ပြန်သော သတင်းအရ သိရသည်။
အဆိုပါကျေးရွာများအတွင်းသို့ အောက်တိုဘာ၁၁ရက်က ပထမအကြိမ်ရေများ ဝင်ရောက်ခဲ့ပြီး အောက် တိုဘာ၁၆ရက်နေ့တွင် ပြန်လည်လျော့ကျခဲ့ရာ ယနေ့ အောက်တိုဘာ ၂၁ရက်နေ့တွင် မြိ့နယ်အတွင်း မိုးရွာသွန်းမှု၊ မိတ္ထီလာ၊ဝမ်းတွင်းမြို့များမှ အဆင့်ဆင့်စီးဆင်းလာသော မိုးရေများကြောင့် ဒုတိယအကြိမ် ထပ်မံ၍ ရေများဝင် ရောက်ခဲ့ကြောင်း သိရသည်။(Xinhua)