Connect with us

Environment, Disasters & Accidents

မြန်မာကမ်းရိုးတန်းသို့ ၅ နာရီမှ ၈ နာရီအတွင်း ဆူနာမီလှိုင်းများရောက်နိုင်သဖြင့် ကမ်းရိုးတန်းနေသူများကို သတိပေးထုတ်ပြန်

မြန်မာနိုင်ငံ ငလျင်ကော်မတီ သတိပေးထုတ်ပြန်ချက်အားတွေ့ရစဉ် (ဓာတ်ပုံ-Myanmar Earthquake Committee)

ရန်ကုန်၊ မတ် ၂ ရက် (ဆင်ဟွာ)

ဆူမတြားကမ်းလွန်၌ ဆူနာမီလှိုင်းဖြစ်ပေါ်လာလျှင် မြန်မာကမ်းရိုးတန်းသို့ ၅ နာရီမှ ၈ နာရီအတွင်း ဆူနာမီလှိုင်းများရောက်နိုင်သဖြင့် ကမ်းရိုးတန်းနေပြည်သူများကို မြန်မာနိုင်ငံ ငလျင်ကော်မတီက ယနေ့ ညပိုင်း သတိပေးထုတ်ပြန်လိုက်သည်။

တနင်္သာရီ၊ ဧရာဝတီနှင့် ရခိုင် ကမ်းရိုးတမ်းရှိ လှေများ၊ ကမ်း ခြေနေထိုင်သူများ သတိရှိကြရန် မြန်မာနိုင်ငံ ငလျင်ကော်မတီက သတိပေး ထုတ်ပြန်လိုက်သည်။

မြန်မာစံတော်ချိန် ၇ နာရီ ၁၉ မိနစ် ၄၈ စက္ကန့် က အင်ဒိုနီးရှား အနောက်ဖက်၊ ဆူမတြားကမ်းလွန်မှာ ပမာဏ ၇.၉ ငလျင်ကြီး လှုပ်ခတ်ပြီးနောက် ဆူနာမီ ဖြစ်နိုင်ကြောင်း သတိပေးချက် ထုတ်ပြန်ထားသည်။ (Xinhua)