Connect with us

Environment, Disasters & Accidents

လေပြင်းတိုက်ခိုက်မည့် သတိပေးချက် မိုးဇလထုတ်ပြန်

လေပြင်းတိုက်ခိုက်မည့် သတိပေးထုတ်ပြန်ချက်အား တွေ့ရစဉ် (ဓာတ်ပုံ-MOI)

ရန်ကုန်၊ မတ် ၁ ရက် (ဆင်ဟွာ)

နေ့အပူချိန်မြင့်တက်သည့်အတွက် လေပြင်းတိုက်ခိုက်နိုင်သည့် အနေအထားတွင် ရှိကြောင်း ၊ လေပြင်းတိုက်ခိုက်စဉ် တစ်နာရီတွင် ၃၅ မိုင် မှ ၄၀ အထိ တိုက်ခိုက်နိုင်ကြောင်း မိုးလေဝသ နှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန မှ သတင်းထုတ်ပြန်သည်။

မြန်မာနိုင်ငံအရပ်ရပ်တွင် အနောက်တောင်မုတ်သုံရာသီ မကျရောက်မီ နွေကာလအတွင်း နေ့အပူချိန်များ မြင့်တက်လာရာမှ မွန်းလွဲ/ညနေပိုင်းတို့တွင် မိုးတိမ်တောင်များ ဖြစ်ပေါ်ပြီး၊ အဆိုပါမိုးတိမ်တောင်များ ရွေ့လျားရာ နေရာတစ်လျှောက်တွင် လေပြင်းများတိုက်ခတ်ခြင်း၊ လေပြင်းနှင့်အတူ ထစ်ချုန်းခြင်း၊ မိုးကြိုးပစ်ခြင်း၊ လျှပ်စီးလက်ခြင်း၊ မိုးသီးကြွေခြင်းနှင့် နေရာကွက်ကျားမိုးထစ်ချုန်းရွာခြင်းများ ဖြစ်ပေါ်နိုင်ကြောင်း သတင်းထုတ်ပြန်ချက်ထဲတွင်ပါရှိသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.