Connect with us

Environment, Disasters & Accidents

မြန်မာနိုင်ငံတွင်း ဆူနာမီရေလှိုင်း ဝင်ရောင်နိုင်ချေ မရှိဟု ထပ်မံထုတ်ပြန်

မြေငလျင်ပြ မြေပုံအား တွေ့ရစဉ် (ဓာတ်ပုံ- မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာန)

ရန်ကုန်၊ မတ် ၂ ရက် (ဆင်ဟွာ)

မြန်မာကမ်းရိုးတန်းသို့ ၅နာရီမှ ၈နာရီတွင်း ဆူနာမီလှိုင်းများရောက်နိုင်ကြောင်း ပြီးခဲ့သည့် နာရီပိုင်းအတွင်းက ထုတ်ပြန်ခဲ့သော်လည်း ဆူနာမီဘေးအန္တရာယ်ကို ဒေသတွင်း ဆူနာမီသတိပေးချက်ဗဟိုဌာနများဖြစ်သော (အိန္ဒိယ – INCOIS၊ အင်ဒိုနီးရှား – BMKG နှင့် သြစတြေးလျနိုင်ငံ – JATWC) တို့နှင့်အတူ စောင့်ကြည့်လေ့လာခဲ့ပြီး မြန်မာနိုင်ငံအတွက် ဆူနာမီရေလှိုင်းများ ဝင်ရောက်နိုင်မှု မရှိကြောင်း တွေ့ရှိကြောင်း မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ ယနေ့ ညပိုင်း၌ ထုတ်ပြန်လိုက်သည်။

အင်ဒိုနီးရှားနိုင်ငံ၊ Padung မြို့တွင် (0.05)meter နှင့် သြစတြီးလျနိုင်ငံ၊ Cocos Island တွင် (0.1)meter တို့တွင် ဆူနာမီရေလှိုင်းများသာ ဝင်ရောက်ကြောင်း ဒေသတွင်း ဆူနာမီသတိပေးချက် ဗဟိုဌာနများမှ သိရှိရကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

မြန်မာစံတော်ချိန် ၇ နာရီ ၁၉မိနစ် ၄၈ စက္ကန့် က အင်ဒိုနီးရှား အနောက်ဖက်၊ ဆူမတြားကမ်းလွန်မှာ ပမာဏ ၇.၉ ငလျင်ကြီး လှုပ်ခတ်ပြီးနောက် ဆူနာမီ ဖြစ်နိုင်ကြောင်း သတိပေးချက်များ ထုတ်ပြန်ထားပြီး နာရီပိုင်းအတွင်း သတိပေးချက်ကို နိုင်ငံအချို့ပြန်လည် ရုတ်သိမ်းလိုက်သည်။ (Xinhua)