Connect with us

Environment, Disasters & Accidents

မြန်မာနိုင်ငံတွင် ရမ်ဆာ ဒေသအဖြစ် သတ်မှတ်ကာကွယ်နိုင်သည့် ရေဝပ်ဒေသ ၁၀၀ ကို ကနဦးမူကြမ်းအဖြစ် ရှာဖွေထား

ရေဝပ်ဒေသ ထိန်းသိမ်းစီမံ အုပ်ချုပ်ခြင်းဆိုင်ရာ အမျိုးသားအဆင့်ကော်မတီ (၂/၂၀၁၈) အစည်းအဝေး ကျင်းပစဉ်(ဓာတ်ပုံ-MOI)

ရန်ကုန် ၊ ဒီဇင်ဘာ ၂၈ ရက်(ဆင်ဟွာ)

မြန်မာနိုင်ငံ၏ ရေဝပ်ဒေသများတွင် နိုင်ငံတကာအဆင့် အရေးပါပြီး ရမ်ဆာဒေသအဖြစ် သတ်မှတ်ကာကွယ်နိုင်သည့် ရေဝပ်ဒေသများ များစွာရှိကြောင်း၊ ရမ်ဆာရေဝပ်ဒေသ ကျွမ်းကျင်ပညာရှင်များ၏ ဖော်ထုတ်ချက်အရ စုစုပေါင်း ရေဝပ်ဒေသ ၁၀၀ ကို ၂၀၁၈ ခုနှစ်၊ မတ်လတွင် ကနဦးမူကြမ်းအဖြစ် ရှာဖွေထားရှိကြောင်း သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးခင်မောင်ရီက ပြောကြားခဲ့သည်။

ထိုရေဝပ်ဒေသ ၁၀၀ တွင် ကုန်းတွင်းသဘာဝ ရေဝပ်ဒေသ ၅၆ ခု၊ ကမ်းရိုးတန်းနှင့် ပင်လယ်အဏ္ဏဝါ ဒေသများ မှာရှိသည့် သဘာဝရေဝပ်ဒေသ ၃၃ ခုနှင့် လူတို့ဖန်တီးထားသည့် ရေဝပ်ဒေသ(၁၁) ခု တို့ပါဝင်ကြောင်း သိရသည်။

ရေဝပ်ဒေသ ထိန်းသိမ်းစီမံ အုပ်ချုပ်ခြင်းဆိုင်ရာ အမျိုးသားအဆင့်ကော်မတီ (၂/၂၀၁၈) အစည်းအဝေးကို နေပြည်တော်၌ ဒီဇင်ဘာ ၂၇ ရက်တွင် ကျင်းပခဲ့ရာတွင် ၎င်းက ထည့်သွင်း ပြောကြားခဲ့ခြင်း ဖြစ်သည်။

သို့ရာတွင် ရမ်ဆာစံသတ်မှတ်ချက် ၉ ခုအနက် အနည်းဆုံးတစ်ခုနှင့် ကိုက်ညီနိုင်သည့်အတွက် ရမ်ဆာရေဝပ်ဒေသ ကျွမ်းကျင် ပညာရှင်များမှ ဖော်ထုတ်ထားခြင်း ဖြစ်သော်လည်း ရမ်ဆာဒေသအဖြစ် အမည်စာရင်း တင်သွင်း နိုင်ရေး အတွက် ဆောင်ရွက်မည်ဆိုပါက အချက်အလက်များ ထပ်မံစုဆောင်းခြင်း၊ ဒေသခံများ၊ ပြည်နယ်၊ တိုင်းဒေသကြီး အစိုးရအဖွဲ့များနှင့် ညှိနှိုင်းဆောင်ရွက်ခြင်း အစရှိသည့် လုပ်ငန်းများစွာကို ဆောင်ရွက်ရမည် ဖြစ်ကြောင်း သိရသည်။

ရေဝပ်ဒေသများအား အကျိုးရှိရှိ အသုံးချနိုင်ရေးနှင့် ရေရှည်တည်တံ့စေရေးအတွက် သစ်တော ဦးစီးဌာနသည် ပြည်တွင်း၊ ပြည်ပ အဖွဲ့အစည်းများဖြစ်သည့် နော်ဝေနိုင်ငံ၊ ပတ်ဝန်းကျင်ရေး ရာအေဂျင်စီ (NEA)၊ International Union for Conservation of Nature (IUCN)၊ ဇီဝမျိုးစုံမျိုးကွဲနှင့် သဘာဝထိန်းသိမ်းရေးအသင်း (BANCA) စသည့် အဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ရေဝပ်ဒေသများ ရေရှည်တည်တံ့စေရန် ထိန်းသိမ်းကာကွယ်ရေး၊ အကျိုးရှိရှိ အသုံးချရေး၊ အဆင့်အတန်း ပြန်လည် မြှင့်တင်ရေး တို့ကို ဦးစားပေးဆောင်ရွက်ရန် လိုအပ်နေပြီး ယင်းလုပ်ငန်းများအား ဆက်စပ်ဌာန အဖွဲ့အစည်းများ၊ ဒေသခံ ပြည်သူများအားလုံး ပါဝင်မှုနှင့် ဆောင်ရွက်ရမည်ဖြစ်ကာ ထိုသို့ဆောင်ရွက်နိုင်ရန်အတွက် လမ်းညွှန်နိုင်မည့် မူဝါဒတစ်ရပ် ရေးဆွဲအကောင်အထည်ဖော်နိုင်ရန် အမျိုးသားရေဝပ်ဒေသဆိုင်ရာ မူဝါဒနှင့် မဟာဗျူဟာ လုပ်ငန်းများကိုလည်း အတည်ပြုထုတ်ပြန်နိုင်ရေး ပြည်ထောင်စုအစိုးရအဖွဲ့သို့ ၂၀၁၈ ခုနှစ်၊ နိုဝင်ဘာအတွင်းက တင်ပြထားပြီးဖြစ်ကြောင်း သိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.