Connect with us

Environment, Disasters & Accidents

မြန်မာနိုင်ငံ တောင်ပိုင်းတွင် မေလ ဒုတိယပတ်၌ မုတ်သုံ စတင်ဝင်မည်

ရန်ကုန်မြို့တွင် မိုးရွာသွန်းမှုအား မြင်တွေ့ရစဉ် (ဆင်ဟွာ)

ရန်ကုန်၊ ဧပြီ ၂၈ ရက် (ဆင်ဟွာ)

မိုးဦးကာလ ရောက်ရန် တိုက်ခတ်သည့် အနောက်တောင် မုတ်သုံလေသည် မေလ ဒုတိယပတ်တွင် မြန်မာနိုင်ငံ တောင်ပိုင်းသို့ စတင် ဝင်ရောက်နိုင်မည် ဖြစ်ပြီး၊ ဇွန်လ ဒုတိယ ပတ်တွင်တော့ မြန်မာ တစ်နိုင်ငံလုံးသို့ အနောက်တောင် မုတ်သုံလေ ရရှိမည် ဖြစ်ကြောင်း မိုးလေဝသနှင့် ဇလဗေဒ ညွှန်ကြားမှု ဦးစီးဌာနမှ သတင်း ထုတ်ပြန်သည်။

အနောက်တောင် မုတ်သုံလေသည် မြန်မာနိုင်ငံ အရပ်ရပ်သို့ မေလ (၁၃ – ၁၉) ရက် အတွင်း မြန်မာနိုင်ငံ တောင်ပိုင်း ဒေသများ၊ မေလ (၂၀ – ၂၅) ရက်အတွင်း မြစ်ဝကျွန်းပေါ် ဒေသများ၊ မေလ (၂၈) ရက်မှ ဇွန်လ (၃) ရက်အတွင်း မြန်မာနိုင်ငံ အလယ်ပိုင်း ဒေသများနှင့် ဇွန်လ (၄ – ၁၀) ရက်အတွင်း မြန်မာနိုင်ငံ မြောက်ပိုင်း ဒေသများသို့ ဝင်ရောက်နိုင်မည် ဖြစ်ကြောင်း သိရသည်။
ဘင်္ဂလား ပင်လယ်အော်တွင် လေဖိအားနည်း ရပ်ဝန်း (၃) ကြိမ် ဖြစ်ပေါ်နိုင်ပြီး၊ (၂) ကြိမ်တွင် ပိုမို အားကောင်းလာကာ မုန်တိုင်းငယ် တစ်ကြိမ်နှင့် ဆိုင်ကလုန်း မုန်တိုင်း တစ်ကြိမ် ဖြစ်ပေါ်နိုင်ပါကြောင်း၊ ယင်းကာလအတွင်း အနောက်တောင် မုတ်သုံလေသည် အားအသင့်အတင့် ရှိနိုင်ကြောင်း သတင်း ထုတ်ပြန်ချက်ထဲတွင် ပါရှိသည်။
မိုးဦး ကာလသည် ၂၀၁၆ ခုနှစ်၊ အနောက်တောင် မုတ်သုံလေ မြန်မာနိုင်ငံ အတွင်းသို့ စတင် ဝင်ရောက်သည့် နေ့မှ ဇွန်လ ကုန်ထိ ဖြစ်ပြီး၊ မိုးလယ် ကာလသည် ၂၀၁၆ ခုနှစ်၊ ဇူလိုင်လ (၁) ရက်နေ့မှ သြဂုတ်လကုန် အထိ ဖြစ်ပြီး၊ မိုးနှောင်း ကာလသည် ၂၀၁၆ ခုနှစ်၊ စက်တင်ဘာလ (၁) ရက်နေ့မှ အနောက်တောင် မုတ်သုံလေ မြန်မာနိုင်ငံ တစ်ဝှမ်းလုံးမှ ပြန်လည် ဆုတ်ခွာသွားသည့် နေ့အထိ ဖြစ်ကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.