Connect with us

Environment, Disasters & Accidents

မြန်မာနိုင်ငံ မြောက်ပိုင်းဒေသမှ လွဲ၍ ကျန်ဒေသများ နေ့အပူချိန် တိုးမြင့်နေမည်

၂၀၁၆ ခုနှစ်၊ ဧပြီလ (၂၇) ရက်နေ့မှ မေလ (၁၆) ရက်နေ့အထိ နေ့အပူချိန် ခန့်မှန်းချက်များအား တွေ့ရစဉ် (ဓာတ်ပုံ-မိုးဇလ)

ရန်ကုန် ၊ ဧပြီ ၂၈ ရက် (ဆင်ဟွာ)

မြန်မာနိုင်ငံ မြောက်ပိုင်း ဒေသများ ဖြစ်သည့် ကချင်ပြည်နယ် ၊ ရှမ်းပြည်နယ်နှင့် စစ်ကိုင်းတိုင်း ဒေသကြီး (အထက်ပိုင်း) မှ လွဲ၍ ကျန်သည့် ဒေသများတွင် နေ့အပူချိန်များ တိုးမြင့်နေမည် ဖြစ်ကြောင်း မိုးလေဝသနှင့် ဇလဗေဒ ညွှန်ကြားမှု ဦးစီးဌာနမှ ယနေ့ဧပြီလ ၂၈ ရက်တွင် ထုတ်ပြန်ခဲ့သည်။

နေ့အပူချိန် အခြေအနေ ခန့်မှန်းချက်မှာ ဧပြီလ ၂၇ ရက်မှ မေလ ၁၆ ရက်နေ့အတွင်း ပထမ ၅ ရက်ပတ်တွင် မြန်မာနိုင်ငံ မြောက်ပိုင်းနှင့် အနောက်ပိုင်း ဒေသများတွင် နေ့အပူချိန်များ ပုံမှန် အပူချိန်ခန့်သာ ရှိသော်လည်း ကျန်ဒေသများတွင် နေ့အပူချိန်များ တိုးနေမည် ဖြစ်ပြီး ကျန်သည့် ၅ ရက်ပတ်များ အားလုံးတွင် မြန်မာနိုင်ငံ မြောက်ပိုင်း ဒေသများမှလွဲ၍ ကျန်ဒေသများမှာ နေ့အပူချိန်များ မြင့်နေမည် ဖြစ်ကြောင်း ၊ မြန်မာနိုင်ငံ အလယ်ပိုင်းနှင့် အောက်ပိုင်း ဒေသများမှာ ပုံမှန် အပူချိန်ထက် ၃-၄ ဒီဂရီလောက် အထိ တိုးလာနိုင်ကြောင်း သိရသည်။
နေ့အပူချိန်တွေ တိုးနေမှှုကြောင့် လေထု မငြိမ်မသက်မှုများ ဖြစ်ပေါ်၍ မိုးတိမ်တောင်များ ဖြစ်လာနိုင်ပြီး
မြန်မာနိုင်ငံ အထက်ပိုင်း ဒေသများ သာမက ဒေသ အရပ်ရပ်တွင် မိုးတိမ်တောင်များကြောင့် မိုးရွာသွန်းမှုများ နှင့်အတူ မိုးထစ်ချုန်းခြင်း၊ လေပြင်းတိုက်ခတ်ခြင်း၊ မိုးသီးကြွေခြင်း၊ မိုးကြိုးပစ်ခြင်း စသည့် ထူးခြား မိုးလေဝသ ဖြစ်စဉ်များ ဖြစ်ပေါ်လာနိုင်သည့် အတွက် ထိုဖြစ်စဉ်များကို မုတ်သုံ မဝင်ရောက်မီ ကာလအထိ သတိပြု စေချင်ကြောင်း ထုတ်ပြန်ခဲ့သည်။
ထို့အတူ ဘင်္ဂလား ပင်လယ်အော်၌ မုန်တိုင်းဖြစ်ပေါ်မှု အခြေအနေ ရှိသော်လည်း ရာခိုင်နှုန်းအားဖြင့် နည်းပါးကြောင်း အသိပေး ထုတ်ပြန်ထားသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.