Connect with us

Environment, Disasters & Accidents

မြောက်ဦးမြို့နယ်တွင် မိုရာတိုက်ခတ်မှုကြောင့် ပျက်စီးဆုံးရှုံးမှုတချို့ဖြစ်ပေါ်

မိုရာဝင်ရောက်တိုက်ခိုက်ခဲ့သည့်အတွက် ပျက်စီးဆုံးရှုံးမှုတချို့အားတွေ့ရစဉ် (ဓာတ်ပုံ-- MOI)

ရန်ကုန်၊ မေ ၃၀ ရက် (ဆင်ဟွာ)

ရခိုင်ပြည်နယ် မြောက်ဦးခရိုင် မြောက်ဦးမြို့နယ်တွင် မြို့ပေါ်ရပ်ကွက်အသီးသီးနှင့် ကျေးရွာအသီးသီး၌ ၂၀၁၇ ခုနှစ် မေလ (၃၀) ရက်နေ့ နံနက်(၁) နာရီ အချိန်က ဆိုင်ကလုန်းမုန်တိုင်း “မိုရာ” ဝင်ရောက်တိုက်ခတ်ခဲ့ရာ ဘုန်းတော်ကြီးကျောင်းများ၊ ဌာနဆိုင်ရာ အဆောက်အဦများ၊ စာသင်ကျောင်းများ၊ လူနေအိမ်များနှင့် တိရစ္ဆာန်များ ပျက်စီးဆုံးရှုံးခဲ့ကြောင်း ပြန်ကြားရေးဝန်ကြီးဌာန ၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။

အဆိုပါ ဆိုင်ကလုန်းမုန်တိုင်း “မိုရာ” ဝင်ရောက်တိုက်ခတ်မှုကြောင့် ဘုန်းကြီးကျောင်း(၅) ကျောင်း၊ ဌာနဆိုင်ရာ အဆောက်အဦ(၄)လုံး ၊ စာသင်ကျောင်း(၅)ဆောင်၊ လူနေအိမ် (၂၀)လုံး ပျက်စီးဆုံးရှုံးခဲ့ပြီး တိရစ္ဆာန်များလည်း သေဆုံးခဲ့ကြောင်း သတင်းထုတ်ပြန်ချက်ထဲတွင်ပါရှိသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.