Environment, Disasters & Accidents
မွန်ပြည်နယ် ဘီးလင်းမြို့နယ်တွင် ရေကြီးမှုများ ဖြစ်ပေါ်
ရန်ကုန်၊ ဇူလိုင် ၂၃ ရက် (ဆင်ဟွာ)
မွန်ပြည်နယ် ဘီးလင်းမြို့နယ်တွင် မိုးများသည်းထန်စွာ ရွာသွန်းမှုကြောင့် ရပ်ကွက်နှင့်ကျေးရွာများတွင် ရေကြီးမှုများဖြစ်ပေါ်လျက်ရှိကြောင်း ပြန်ကြားရေးဝန်ကြီးဌာန မှ ယနေ့သတင်းထုတ်ပြန်သည်။
ဘီးလင်းမြို့နယ် မြို့ပေါ်ရပ်ကွက်များတွင် မိုးများသည်းထန်စွာ ရွာသွန်းမှုကြောင့် မြေနိမ့်ပိုင်းအချို့ ရေကြီးမှုဖြစ်ပေါ်လျက်ရှိကြောင်း၊ မြို့ပေါ်ကယ်ဆယ်ရေးစခန်း ၄ ခုနှင့် ကျေးရွာကယ်ဆယ်ရေးစခန်း ၂ ခု ထားရှိပြီး စုစုပေါင်း အိမ်ခြေ ၁၂၂ အိမ်နှင့် လူဦးရေ ၄၉၇ ဦးရေတို့ကို ပြောင်းရွှေ့နေရာချထားပေးလျက်ရှိကြောင်း သတင်းထုတ်ပြန်ချက်ထဲတွင်ပါရှိသည်။ (Xinhua)