Connect with us

Environment, Disasters & Accidents

ရင်ဆိုင်တုံ့ပြန်နိုင်ရေး၊ အမြဲ အဆင့်သင့် ဖြစ်နေစေရေး အလွန်အရေးကြီး

အမျိုးသား သဘာဝ ဘေးအန္တရာယ် ဆိုင်ရာ စီမံခန့် ခွဲမှုကော်မတီ ဥက္ကဋ္ဌ၊ ဒုတိယ သမ္မတ ဦးဟင်နရီ ဗန်ထီးယူ အဖွင့် အမှာစကား ပြောကြားစဉ်။

နေပြည်တော်၊ သြဂုတ် ၆ ရက်(ဆင်ဟွာ)

ငလျင်ဘေးအန္တရာယ် ကျရောက်လာပါက ရင်ဆိုင် တုံ့ပြန်နိုင်ရေးနှင့် အမြဲ အဆင့်သင့် ဖြစ်နေစေ ရေးတို့မှာ အလွန်အရေးကြီးကြောင်း အမျိုးသား ဘေးအန္တရာယ် စီမံခန့်ခွဲမှုကော်မတီ ဥက္ကဋ္ဌ၊ ဒုတိယ သမ္မတ ဦးဟင်နရီဗန်ထီးယူက အမျိုးသားအဆင့် ငလျင်ဘေးအန္တရာယ် ကြိုတင်ပြင်ဆင်ရေး နှင့် တုံ့ ပြန်ရေး စီမံချက် မိတ်ဆက်ခြင်း အခမ်းအနား၌ ပြောကြားခဲ့သည်။

“ဒီလို ဆောင်ရွက်နိုင်မှသာ ပြည်သူများအနေနဲ့ အသက်အိုးအိမ် စည်းစိမ် ထိခိုက်ဆုံးရှုံးမှုများမှ လျော့နည်းအောင် ဆောင်ရွက်နိုင်မှာ ဖြစ်ပြီး နိုင်ငံတော်ရဲ့ ဖွံ့ဖြိုး တိုးတက်မှုကို နှောင့်နှေး ရပ်တံ့စေမယ့် အခြေအနေတွေကိုလည်း လျော့နည်းစေမှာ ဖြစ်ပါတယ်” ဟုလည်း ဒုတိယ သမ္မတက ပြောကြားခဲ့ သည်။

UN Resident and Humanitarian Coordinator Mr. Knut Ostby အမှာစကား ပြောကြားစဉ်။

အမျိုးသားအဆင့် ငလျင်ဘေးအန္တရာယ် ကြိုတင်ပြင်ဆင်ရေးနှင့် တုံ့ ပြန်ရေး စီမံချက် မိတ်ဆက်ခြင်း အခမ်းအနား ကျင်းပနေစဉ်။

ယနေ့ အခမ်းအနားတွင် ဖြန့်ချိသည့် အမျိုးသားအဆင့် ငလျင်ဘေးအန္တရာယ် ကြိုတင်ပြင်ဆင်ရေး နှင့် တုံ့ ပြန်ရေး စီမံချက်ကို သက်ဆိုင်ရာ ဋ္ဌာန အဖွဲ့အစည်းများ၊ တိုင်းဒေသကြီး/ ပြည်နယ် အစိုးရ အဖွဲ့များ၊ ကုလ သမဂ္ဂနှင့် ပြည်တွင်း ပြည်ပ NGOs များက သေချာစွာ လေ့လာ ဖတ်ရှုပြီး လိုအပ် သလို ရည်ညွှန်း အကောင်အထည်ဖော်ဖို့ အရေးကြီးကြောင်း၊ အချင်းချင်း အသိအမြင် ဖလှယ်ခြင်း ဖြင့် နိုင်ငံအတွင်းငလျင်ဘေးအန္တရာယ် ဖြစ်နိုင်ခြေနှင့် ပတ်သက်ပြီး သတိပြုမိလာမှာ ဖြစ်ကြောင်း၊ ငလျင်ဘေးအန္တရာယ် စီမံခန့်ခွဲမှုဆိုင်ရာ ကိစ္စရပ်များအတွက် နည်းပညာပိုင်းဆိုင်ရာ၊ ကျွမ်းကျင်မှုပိုင်း ဆိုင်ရာ၊ လက်တွေ့အကောင်အထည်ဖော်မှု ပိုင်းဆိုင်ရာ အားသာချက်၊ အားနည်း ချက်များအပေါ် သုံးသပ်ပြီး အားလုံးက ဟန်ချက်ညီညီဖြင့် ချိတ်ဆက် ပူးပေါင်း ဆောင်ရွက်သွားနိုင်မည့် အစီအမံများကို ဆွေးနွေးပေးကြပါဟု ပြောကြားလိုပါကြောင်း ဒုတိယ သမ္မတက ဖြည့်စွက် ပြောကြား ခဲ့သည်။

အမျိုးသား သဘာ၀ ဘေးအန္တရာယ် ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီနှင့် UNDP တို့ ၂၀၁၇ ခုနှစ် နိုဝင်ဘာလတွင် စတင်ညျိနှိုင်းခဲ့ပြီး ဒီဇင်ဘာတွင် ငလျင်ဘေး တုံ့ပြန်ရေး ဆိုင်ရာ တာဝန်နှင့် ဝတ္တရား များ(မူကြမ်း)ကို စတင်ရွေးဆွဲခဲ့ကြသည်။ ထို့နောက် ၂၀၁၈ ဇန်နဝါရီလမှ ၂၀၁၉ ဇန်နဝါရီလအတွင်း သက်ဆိုင်ရာ အဖွဲ အစည်းများ ၊ ပညာရှင်များ၊ တာဝန်ရှိသူများနှင့် အလုပ်ရုံဆွေးနွေးပွဲများ ပြုလုပ်ပြီး စီမံချက်မူကြမ်းအား ပြင်ဆင်ခြင်း၊ ဖြည့်စွက်ခြင်း။ အတည်ပြုခြင်းများ ဆောင်ရွက်ခဲ့ကာ ၂၀၁၉ ဇန်နဝါရီလမှ မတ်လအတွင်း အတည်ပြုချက်ရယူရေးနှင့် စီမံချက် မိတ်ဆက်နိုင်ရေးအတွက် ဆောင်ရွက်ခဲ့ပြီး ယနေ့တွင် အဆိုပါ စီမံချက်အား မိတ်ဆက်ခြင်း ဖြစ်ကြောင်းသိရသည်။

ငလျင်ဘေးအန္တရာယ်ကြောင့် အသက်အိးအိမ်စည်းစိမ် ပျက်စီးဆုံးရှုံးမှုအား အနည်းဆုံး ဖြစ်အောင် aလျှာ့ချရန်နှင့် ငလျင်ဘေးဒဏ်ခံ ပြည်သူများ လူမှု စီးပွား ပြန်လည် ထူထောင်ရေး လုပ်ငန်းများကို အချိန်နှင့် တပြေးညီဆောင်ရွက်သွားနိုင်ရန် ရည်ရွယ်ချက်ဖြင့် ရေးဆွဲထားသော အခန်း ခုနစ်ခန်း ပါဝင်သည့် အဆိုပါ စီမံချက် စာအုပ်ကို ယနေ့ အစည်းအဝေးတွင် လိုအပ်သလို ပြန်လည် လေ့လာ သုံးသပ် ပြင်ဆင်မှုများ ပြုလုပ်ကာ စီမံချက်နှင့် သက်ဆိုင်သည့် ပြင်ဆင်မှုများကို သက်ဆိုင်ရာ လုပ်ငန်းကော်မတီများထံ ဖြန့်ဝေသွားမည်ဟုသိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.