Connect with us

Environment, Disasters & Accidents

ရန်ကုန်-မန္တလေးအမြန်လမ်းပေါ်တွင် ဇန်နဝါရီလမှ စက်တင်ဘာလအထိ ယာဉ်တိုက်မှုသည် ယခင်နှစ်ထက် ၁,၉၈၂ မှု လျော့ကျခဲ့

-- ရန်ကုန်-နေပြည်တော် အမြန်လမ်းမကြီးအားတွေ့ရစဉ် (ဆင်ဟွာ)

ရန်ကုန်၊ နိုဝင်ဘာ ၄ ရက် (ဆင်ဟွာ)ရေးသားသူ /အေးလပြည့်

၂၀၂၀ပြည့်နှစ် ဇန်နဝါရီလမှ စက်တင်ဘာလကုန်အထိ ရန်ကုန်-မန္တလေးအမြန်လမ်းမကြီးတွင် ယာဉ်တိုက်မှုများသည် ပြီးခဲ့သော ၂၀၁၉ ခုနှစ်ထက် ၁,၉၈၂ မှု လျော့ကျခဲ့ကြောင်း ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ်ဦးနေလင်းက ဆင်ဟွာသို့ နိုဝင်ဘာ ၄ ရက်တွင်ပြောကြားသည်။

၂၀၁၉ခုနှစ် ဇန်နဝါရီလမှ စက်တင်ဘာလကုန်ထိ ရန်ကုန်-မန္တလေးအမြန်လမ်းမကြီးပေါ်တွင် ယာဉ်တိုက်မှုပေါင်း ၁၂,၀၈၄မှုရှိခဲ့ပြီး ယခု ၂၀၂၀ပြည့်နှစ် ဇန်နဝါရီလမှ စက်တင်ဘာလကုန်အထိ ကာလတွင် ယာဉ်တိုက်မှုပေါင်း ၁၀,၁၀၂မှု သာရှိခဲ့ကြောင်း သိရသည်။

“ယာဉ်စည်းကမ်းနဲ့ပတ်သက်ပြီး ကျွန်တော်တို့ က.ည.န နဲ့ သက်ဆိုင်ရာဌာနတွေတွေပူးပေါင်းပြီး ဆောင်ရွက်တယ်။ အဝေးပြေးဂိတ်တွေမှာလည်း ပူးပေါင်းအဖွဲ့နဲ့ ပုံမှန်စစ်တာတွေလုပ်တယ်။ ပုံမှန်စစ်တဲ့ အချက်တွေကလည်း အများကြီးပဲ။ ၁၆ချက်လောက်ရှိပါတယ်။ ဥပမာ-တာယာအခြေအနေအပါအဝင် ၁၆ချက် ကို စစ်ပါတယ်။ အမြန်လမ်းမှာလည်း အလျဉ်းသင့်သလို စစ်တယ်။ အဲလိုကြီးကြပ်တာတစ်ပိုင်း၊ COVID ကာလမှာ ခရီးသွားကန့်သတ်လိုက်လို့ ယာဉ်တိုက်မှုနည်းသွားတာလည်းပါမယ်လို့ထင်ပါတယ်” ဟု ၎င်းကဖြည့်စွက်ပြောကြားသည်။

၂၀၁၄-၂၀၂၀ Action Plan ဖြင့် အမြန်လမ်းတွင် သေဆုံးမှုလျော့ကျအောင် ဆောင်ရွက်ရာတာတွင် ထိုက်သင့်သလောက်လျော့ကျခဲ့ကြောင်း၎င်းက ဆိုသည်။“ခရီးသည်ကားမှာ ထိုင်ခုံခါးပတ်ပါတယ်။ ထိုင်ခုံခါးပတ်မပါရင် ကျွန်တော်တို့က သက်တမ်းတိုးပေးလို့မရဘူး။ က.ည.န က နှစ်စဉ်ယာဉ်တွေကိုသက်တမ်းတိုးတဲ့အခါ ထိုင်ခုံခါးပတ်ကိုအဓိကထားစစ်ပါတယ်။အိမ်စီးကားဆို ထိုင်ခုံခါးပတ်ကို ယာဉ်မောင်းသူရော နောက်ကလူရော ပတ်သင့်ပါတယ်။ လမ်းဦးစီးက သတ်မှတ်အရှိန်မကျော်ဖို့နဲ့ ခါးပတ်ပတ်ထားရုံနဲ့ သေဆုံးမှုနဲ့ ယာဉ်တိုက်မှုကိုလျှော့ချနိုင်ပါတယ်’’ ဟု ဦးနေလင်းက ဖြည့်စွက်ပြောကြားသည်။ (Xinhua)