Connect with us

Environment, Disasters & Accidents

ရန်ကုန်-မန္တလေးအမြန်လမ်းမကြီး၌ ကားဘီးပေါက်ပြီး ယာဉ်တိမ်းမှောက်မှုများကြောင့် လူသေဆုံး

ယာဉ်တိမ်းမှောက်နေမှုအားတွေ့ရစဉ်(ဓာတ်ပုံ-အမြန်လမ်းမကြီး ရဲတပ်ဖွဲ့မှူးရုံးထံမှ)

ရန်ကုန်၊ ဧပြီ ၁၆ ရက် (ဆင်ဟွာ)

ရန်ကုန်-မန္တလေးအမြန်လမ်းမကြီး၌ သြင်္ကန်ရက်များအတွင်း ကားဘီးပေါက်ပြီး ယာဉ်တိမ်းမှောက်မှုများကြောင့် လူသေဆုံး ထိခိုက်ဒဏ်ရာရရှိမှုများရှိကြောင်း အမြန်လမ်းမကြီး ရဲတပ်ဖွဲ့မှူးရုံးထံမှ သိရသည်။

နေပြည်တော်-မန္တလေးလမ်း မိုင်တိုင် ၂၂၉ ၃-၂၂၉/၄ကြားတွင် ဧပြီလ(၁၅) ရက် နေ့လည်ပိုင်းက probox ခဲရောင်ယာဉ်သည် ရှေ ဝဲဘက်ဘီးပေါက်ပြီး မြေသားလမ်းရှိ လမ်းဘေး သံဇကာခြံစည်းရိုးဝင်တိုက် တိမ်းမှောက်ခဲ့ကြောင်း၊ အဆိုပါ ယာဉ်တိမ်းမှောက်မှုကြောင့် ယာဉ်ပေါ်ပါ ၉ဦးအနက် အမျိုးသားတစ်ဦးသေဆုံးကာ ၄ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

ယနေ့ ဧပြီလ(၁၆) ရက် နံနက်အစောပိုင်းတွင်လည်း နေပြည်တော်-ရန်ကုန်လမ်း မိုင်တိုင် ၇၅/၃-၇၅/၄ အကြား တွင် ဟွန်ဒိုင်း Bongo ယာဉ်သည် ယာဉ်၏ နောက်ယာဘက်ဘီးပေါက်ကာ ယာဉ်တစ်ပတ်လည် တိမ်းမှောက်ခဲ့ကြောင်း အဆိုပါ ယာဉ်တိမ်းမှောက်မှုကြောင့် ယာဉ်ပေါ်ပါ ၁၁ဦးအနက် ၇ဦး ထိခိုက် ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။(Xinhua)