Connect with us

Environment, Disasters & Accidents

ရန်ကုန်-မန္တလေး အမြန်လမ်းမကြီးတွင် ခြောက်လ အတွင်း ယာဉ်မတော်တဆမှုကြောင့် ၅၀ ဦး သေဆုံး

အမြန်လမ်း၌ ဖြစ်ပွားခဲ့သည့် ယာဉ်မတော်တဆမှု ဖြစ်စဉ် တစ်ခုအား တွေ့ ရစဉ်(ဓာတ်ပုံ- မြန်မာနိုင်ငံ မီးသတ် တပ်ဖွဲ့)

ရန်ကုန် ၊ ဇူလိုင် ၅ ရက်(ဆင်ဟွာ)

ရန်ကုန်-မန္တလေး အမြန်လမ်းမကြီးတွင် ယခုနှစ် ဇန်နဝါရီလ မှ ဇွန်လကုန်အထိ ခြောက်လ အတွင်း ယာဉ် မတော်တဆမှုပေါင်း ၂၃၁ ကြိမ် ဖြစ်ပွား ခဲ့ရာ လူပေါင်း ၅ဝ သေဆုံးခဲ့ပြီး ၄၉ဝ ဒဏ်ရာ ရရှိခဲ့ကြောင်း ပြန်ကြားရေး ဝန်ကြီးဌာန၏ သတင်း ထုတ်ပြန်မှု အရ သိရသည်။

ထိုဖြစ်စဉ် များတွင် ဇန်နဝါရီလတွင် ယာဉ်မတော်တဆမှု ၄၁ မှု မှ ကိုးဦးသေဆုံးပြီး ၈၃ ဦး ဒဏ်ရာရရှိခဲ့ကြောင်း ၊ ဖေဖော်ဝါရီလတွင် ၃၆ ကြိမ် မှ ၁၁ ဦး သေဆုံးပြီး ဒဏ်ရာရရှိသူ ၇၆ ဦး ရှိခဲ့ကြောင်း ၊ မတ်လတွင် ၃၃ ြကိမ်မှ လေးဦး သေဆုံးပြီး ဒဏ်ရာ ရရှိသူ ၆၂ ဦး ရှိခဲ့ကြောင်း ၊ ဧပြီလတွင် ၄၄ ကြိမ်မှ ၁၂ ဦး သေဆုံးခဲ့ပြီး ဒဏ်ရာရရှိသူ ၁၃၇ ဦး ရှိခဲ့ကြောင်း ၊ မေလတွင် ၃၇ ကြိမ်မှ ရှစ်ဦးသေဆုံးပြီး ၃၃ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

ထို့အတူ ဇွန်လအတွင်း ယာဉ်မတော်တဆမှု အကြိမ် ၄ဝ ဖြစ်ပွားခဲ့ပြီး ခြောက်ဦး သေဆုံးခဲ့ကာ ၅၅ ဦး ဒဏ်ရာ ရရှိခဲ့ကြောင်း သိရသည်။

ယာဉ်မတော်တဆဖြစ်မှုများတွင် ယာဉ်မောင်းသူများက ယာဉ်ကို မဆင်မခြင်ပေါ့ဆစွာ မောင်းနှင်မှုကြောင့် ဖြစ်ပွားခဲ့ခြင်း အများဆုံးဖြစ်ပြီး ကျန်ဖြစ်ပွားမှုများမှာ ရာသီဥတုကြောင့် လည်းကောင်း ၊ လမ်းကြောင့် လည်းကောင်း ၊ အမြန်လမ်းမကြီးပေါ်သို့ ဖြတ်သန်းမောင်းနှင်ခွင့်မရှိသော သုံးဘီး၊ ဆိုင်ကယ်၊ အနှေးယာဉ်များ ကြောင့် လည်းကောင်း၊ လမ်းဖြတ်ကူးသူများကြောင့် လည်းကောင်း ၊ ကျွဲ ၊ နွား တိရစ္ဆာန် များ ကြောင့် လည်းကောင်း ဖြစ်ပွား ရခြင်း ဖြစ်ကြောင်း သိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.