Connect with us

Environment, Disasters & Accidents

ရန်ကုန်-မန္တလေး အမြန်လမ်းမကြီးတွင် တိုယိုတာယာဉ် တိမ်းမှောက်၍ တစ်ဦးသေ၊တစ်ဦး ဒဏ်ရာရ

အမြန်လမ်းမကြီး မိုင်တိုင် ၁၄/၃အနီး ယာဉ်မတော်တဆမှုဖြစ်ပွားမှုအား မီးသတ်တပ်ဖွဲ့မှ ကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်ပေးစဉ်(မီးသတ်ဦးစီးဌာန)

ရန်ကုန်၊ သြဂုတ် ၁၃ ရက် (ဆင်ဟွာ)

ရန်ကုန်-မန္တလေး အမြန်လမ်းမကြီး၏ လှည်းကူးမြို့နယ်၊ အမှတ် (၃) လမ်းဆုံအပိုင်းတွင် ယနေ့နံနက် ၇ နာရီ မိနစ် ၅၀ က တိုယိုတာ ယာဉ်တစ်စီး တိမ်းမှောက်၍ ယာဉ်မောင်းသူ သေဆုံးခဲ့ပြီး ယာဉ်ပေါ်ပါ အမျိုးသမီးတစ်ဦး ဒဏ်ရာရရှိခဲ့ကြောင်း ပြန်ကြားရေးဝန်ကြီးဌာနက ထုတ်ပြန်သော သတင်းအရ သိရသည်။

အမြန်လမ်းမကြီး၏ မိုင်တိုင်အမှတ် ၁၄/၃ အနီး နေပြည်တော် ဘက်မှ ရန်ကုန်ဘက်သို့ မောင်းနှင် လာသော တိုယိုတာယာဉ်သည် ယာဘက်ရှေ့ဘီးပေါက်၍ အရှိန်မထိန်းနိုင်ဘဲ လမ်းလယ်ကျွန်းရှိ မယ်ဇလီပင်ကို တိုက်မိပြီး တိမ်းမှောက်ခဲ့ကြောင်း သိရသည်။ ယာဉ်တိမ်းမှောက်မှုကြောင့် ယာဉ်ပေါ်တွင် ယာဉ်မောင်းပါ နှစ်ဦးအနက် ယာဉ်မောင်း သည်ရရှိသောဒဏ်ရာကြောင့် အခင်းဖြစ်နေရာတွင် သေဆုံးသွားခဲ့ပြီး ကျန်အမျိုးသမီးတစ်ဦးသည် ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။(Xinhua)