Connect with us

Environment, Disasters & Accidents

ရှမ်းပြည်နယ်ကလောမြို့နယ်တွင် မိုးအဆက်မပြတ် ရွာသွန်းမှုကြောင့် ကလောချောင်းရေလျှံမှုဖြစ်ပွား

ရေကြီးရေလျှံမှုတစ်ခုအားတွေ့ရစဉ် (ဓာတ်ပုံ-- MOI)

ရန်ကုန်၊ စက်တင်ဘာ ၅ ရက် (ဆင်ဟွာ)

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ တောင်ကြီးခရိုင်၊ ကလောမြို့နယ်တွင် မိုးအဆက်မပြတ် ရွာသွန်းမှုကြောင့် ယမန်နေ့ ညနေ ၅ နာရီတွင် တောင်ကျရေများ ကလောချောင်းအတွင်း စီးဝင်ကာ ချောင်းရေလျှံမှုဖြစ်ပေါ်ခဲ့သည်။ ရေလျှံမှုကြောင့် ချောင်းဘေးရှိ ရပ်ကွက် ၂ မှ အိမ်ထောင်စု ၅၂ စု အိမ်ခြေ ၄၇ အိမ်နှင့် ရပ်ကွက် ၄ မှ အိမ်ထောင်စု ၄၄ စု အိမ်ခြေ ၃၃ အိမ်အတွင်းသို့ ချောင်းရေများဝင်ရောက်ခဲ့ကြောင်း ပြန်ကြားရေးဝန်ကြီးဌာန မှ ယနေ့သတင်းထုတ်ပြန်သည်။

အဆိုပါ ရေလျှံမှု ဖြစ်ပွားရာနေရာသို့မြို့နယ် မီးသတ်တပ်ဖွဲ့ဝင်များနှင့် တာဝန်ရှိသူများက သွားရောက် ကူညီဆောင်ရွက်ပေးခဲ့ပြီး လူနှင့် တိရစ္ဆာန်များ ထိခိုက်ဆုံးရှုံးမှုမရှိကြောင်းနှင့် ည ၉း၃၀နာရီ အချိန်တွင် ရေပြန်လည်ကျနေပြီဖြစ်ကြောင်းသတင်းထုတ်ပြန်ချက်ထဲတွင်ပါရှိသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.