Environment, Disasters & Accidents
သီတင်းကျွတ် ရုံးပိတ်ရက် ကာလ အတွင်း အမြန်လမ်း၌ ယာဉ်မတော်တဆမှု ၂၆ မှု ဖြစ်ပွားကာ နှစ်ဦး သေဆုံး

ရန်ကုန် ၊ အောက်တိုဘာ ၁၆ ရက်(ဆင်ဟွာ)
အမြန်လမ်း၌ သီတင်းကျွတ် ရုံးပိတ်ရက် ကာလ ဖြစ်သည့် အောက်တိုဘာ ၁၀ ရက်မှ ၁၅ ရက် အထိ ယာဉ်မတော် တဆမှု ၂၆ မှု ဖြစ်ပွားကာ သေဆုံးသူ နှစ်ဦး ရှိခဲ့ကြောင်း အမြန်လမ်းမကြီး ရဲတပ်ဖွဲ့မှူးရုံး၏ ထုတ်ပြန်မှု အရ သိရသည်။
အဆိုပါ ယာဉ်မတော်တဆမှုများကြောင့် ထိခိုက် ဒဏ်ရာ ရရှိသူမှာ စုစုပေါင်း ၇၂ ဦး ရှိခဲ့ကြောင်းလည်း သိရသည်။
သီတင်းကျွတ် ကာလ အတွင်း ပြည်သူများ ခရီးသွားလာမှု များပြားခဲ့ပြီး အမြန်လမ်းမ တစ်လျှောက် အသုံးပြု သွားလာကြသည့် ခရီးသွားယာဉ်များမှာ အထူးများပြား များပြားသည်နှင့်အမျှ ယာဉ်မတော်တဆ ထိခိုက် ဖြစ်စဉ်များလည်း များပြားခဲ့ကြောင်း သိရသည်။(Xinhua)