Environment, Disasters & Accidents
သံလွင်မြစ်ရေ သည် ကရင်ပြည်နယ် ဘားအံမြို့ တွင် (၅)ပေခွဲခန့် ယင်းမြို့၏ စိုးရိမ်ရေမှတ်အထက်သို့ ကျော်လွန်လျက်ရှိ
ရန်ကုန်၊ ဇူလိုင် ၃၁ ရက် (ဆင်ဟွာ)
သံလွင်မြစ်ရေ သည် ကရင်ပြည်နယ် ဘားအံမြို့ တွင် (၅)ပေခွဲခန့် ယင်းမြို့၏ စိုးရိမ်ရေမှတ်အထက်သို့ ကျော်လွန်နေပြီး နောက်(၃)ရက်အတွင်း (၂)ပေခန့် ကျဆင်းနိုင်ကြောင်း မိုးလေဝသ နှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန မှ ယနေ့သတင်းထုတ်ပြန်သည်။
ဘားအံမြို့တွင် အမြင့်ဆုံးစံချိန်တင်ရေမှတ်မှ ပေဝက်ခန့် ပြန်လည်ကျဆင်းခဲ့ကြောင်း သိရသည်။သို့ဖြစ်ပါ၍ ဘားအံမြို့နယ် အတွင်းရှိ မြစ်ကမ်းအနီးနှင့်မြေနိမ့်ပိုင်း နေထိုင်ကြသူ များအနေဖြင့် မြစ်ရေကြီးမှုဘေးအန္တရာယ်မှ ကင်းလွတ်ရာသို့ ရှောင်ရှားကြပါရန် အကြံပြုအပ်ကြောင်း မိုးဇလ ၏ ထုတ်ပြန်ချက်ထဲတွင်ပါရှိသည်။ (Xinhua)