Connect with us

Environment, Disasters & Accidents

အာရှဒေသမြို့ကြီးများတွင် နေပြည်တော် နှင့် ရန်ကုန်မြို့ သည် အပူချိန် အမြင့်မားဆုံးမြို့ကြီးများဖြစ်နေ

မိုးဇလမှ ဧပြီ၁ ရက်တွင် ထုတ်ပြန်ထားသည့် အာရှဒေသမြို့ကြီးတစ်ချို့၏ အပူချိန်အားတွေ့ရစဉ် (ဓာတ်ပုံ--မိုးဇလ)

ရန်ကုန်၊ ဧပြီ ၁ ရက် (ဆင်ဟွာ) 

အာရှဒေသမြို့ကြီးများတွင် မြန်မာနိုင်ငံရှိ နေပြည်တော် နှင့် ရန်ကုန်မြို့ သည် အပူချိန် အမြင့်မားဆုံးမြို့ကြီးများအဖြစ် တည်ရှိနေကြောင်း မိုးလေဝသ နှင့် ဇလဗေဒညွှန်ကြားမှု ဦးစီးဌာန က ဧပြီ ၁ ရက်တွင် ထုတ်ပြန်ခဲ့သည်။

မိုးလေဝသ နှင့် ဇလဗေဒညွှန်ကြားမှု ဦးစီးဌာန၊ ဒုတိယ ညွှန်ကြားရေးမှူး ဦးလှထွန်းက “အာရှ က မြို့ ကြီးတွေ မှာဆိုရင် မြန်မာနိုင်ငံက နေပြည်တော် က အပူဆုံးပေါ့။ မြန်မာနိုင်ငံ အလယ်ပိုင်းချောက်မြို့မှာ ဆိုရင် အမြင့်ဆုံး အပူချိန် ၄၂ ဒီဂရီစင်တီဂရိတ် လောက်အထိ ပူတာတွေရှိတယ်။ ဒီနှစ်က အယ်နီညိုနှစ် မဟုတ်ဘူး။ ဒါပေမယ့် ပူမယ့်နှစ်တစ်နှစ်ပါ” ဟုဆင်ဟွာသို့ ပြောကြားခဲ့သည်။

နေပြည်တော် တွင် အမြင့်ဆုံး အပူချိန် ၄၀ဒီဂရီ စင်တီဂရိတ်၊ ရန်ကုန်မြို့တွင် အမြင့်ဆုံး အပူချိန် ၃၈ ဒီဂရီစင်တီဂရိတ်၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံ ဒါကာမြို့တွင် အမြင့်ဆုံးအပူချိန် ၃၈ ဒီဂရီစင်တီဂရိတ်၊ အိန္ဒိယနိုင်ငံ ကိုးလ်ကာတားမြို့၏ အမြင့်ဆုံးအပူချိန်သည် ၃၈ ဒီဂရီ စင်တီဂရိတ်ရှိပြီး၊ အာရှဒေသရှိ မြို့ကြီးများတွင် အပူချိန် အမြင့်မားဆုံးမြို့ကြီးများအဖြစ် အသီးသီးရပ်တည်နေကြောင်း သိရသည်။ 

လာအိုနိုင်ငံ ဗီယန်ကျင်းမြို့၏ အမြင့်ဆုံးအပူချိန် ၃၇ ဒီဂရီစင်တီဂရိတ်၊ ကမ္ဘောဒီးယားနိုင်ငံ ဖနွမ်းပင် မြို့ ၏ အမြင့်ဆုံး အပူချိန်မှာ ၃၇ ဒီဂရီစင်တီဂရိတ်၊ ထိုင်းနိုင်ငံ ဘန်ကောက်မြို့၏ အမြင့်ဆုံးအပူချိန်မှာ ၃၆ ဒီဂရီ စင်တီဂရိတ်၊ မလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့၏ အမြင့်ဆုံးအပူချိန်မှာ ၃၅ ဒီဂရီစင်တီဂရိတ်၊ စင်ကာပူနိုင်ငံ စင်ကာပူမြို့ ၏ အမြင့်ဆုံးအပူချိန်မှာ ၃၄ ဒီဂရီ စင်တီ ဂရိတ် အသီးသီးရှိကြောင်း မိုးဇလ ၏ ထုတ်ပြန်ချက်ထဲတွင်ပါရှိသည်။ 

တရုတ်ပြည်သူ့သမ္မတနိုင်ငံပေကျင်းမြို့ ၏ အမြင့်ဆုံးအပူချိန် မှာ ၁၅ ဒီဂရီ စင်တီဂရိတ်ရှိကြောင်း သိရသည်။  (Xinhua)