Environment, Disasters & Accidents
ဧရာဝတီတိုင်းဒေသကြီးရှိ ငါးသိုင်းချောင်းမြို့၊ ဇလွန်မြို့၊ ဟင်္သာတမြို့ နှင့် ပဲခူးတိုင်းဒေသကြီး သာယာဝတီမြို့ တို့တွင် မိုးရေချိန်စံချိန်သစ်တင်

ရန်ကုန်၊ ဇန်နဝါရီ ၁၀ ရက် (ဆင်ဟွာ)
ဧရာဝတီတိုင်းဒေသကြီး ငါးသိုင်းချောင်းမြို့၊ ဇလွန်မြို့၊ ဟင်္သာတမြို့ နှင့် ပဲခူးတိုင်းဒေသကြီး သာယာဝတီမြို့ တို့တွင် မိုးရေချိန်စံချိန်သစ်တင်ခဲ့ကြောင်း မိုးလေဝသ နှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာန မှ သတင်းထုတ်ပြန်သည်။
ငါးသိုင်းချောင်းမြို့တွင် မိုးရေချိန် စံချိန်ဟောင်း ဝ.၃၅လက်မ မှ မိုးရေချိန်စံချိန်သစ် ၃.၇၄ လက်မ သို့နှစ်ပေါင်း ၃၀ အတွင်း ၌လည်းကောင်း၊ သာယာဝတီမြို့တွင် မိုးရေချိန်စံချိန်ဟောင်း ၂.၂၈လက်မ မှ မိုးရေချိန်စံချိန်သစ် ၂.၉၂လက်မ သို့ နှစ်ပေါင်း ၆၆ နှစ်အတွင်း ၌လည်းကောင်း၊ ဇလွန်မြို့တွင် မိုးရေချိန်စံချိန်ဟောင်း ဝ.၄၃လက်မ မှ မိုးရေချိန်စံချိန်သစ် ၂.၈၃ လက်မ သို့ နှစ်ပေါင်း ၃၀ အတွင်း၌လည်းကောင်း ၊ ဟင်္သာတမြို့တွင် မိုးရေချိန်စံချိန်ဟောင်း ၁.၂၆ လက်မမှ မိုးရေချိန်စံချိန်သစ် ၂.၁၆ လက်မ သို့ နှစ်ပေါင်း ၆၁ နှစ်အတွင်း၌ လည်းကောင်း အသီးသီးစံချိန်သစ်တင်ခဲ့ခြင်းဖြစ်သည်။ (Xinhua)