Connect with us

Environment, Disasters & Accidents

ဧရာဝတီမြစ်ရေ ဝင်ရောက်၍ ပြည်မြို့ မြေနိမ့်ပိုင်း ရပ်ကွက်အချို့အိမ်ထောင်စုများ ပြောင်းရွှေ့

ပြည်မြို့တွင် ရေများ ဝင်လာသည့် မြင်ကွင်းအား မြင်တွေ့ရစဉ် (ဓာတ်ပုံ-MOI)

ရန်ကုန်၊ စက်တင်ဘာ ၁၂ ရက် (ဆင်ဟွာ)

ဧရာဝတီ မြစ်ရေ ထပ်မံ မြင့်တက်လာမှုကြောင့် ပြည်မြို့ရှိ မြေနိမ့်ပိုင်း ရပ်ကွက်တချို့ အိမ်ထောင်စုများ ပြောင်းရွှေ့လျက် ရှိကြောင်း ပြန်ကြားရေး ဝန်ကြီးဌာနမှ ယနေ့ သတင်း ထုတ်ပြန်သည်။

မြေနိမ့်ပိုင်း ဖြစ်သော နဝင်း၊ ဖိုးခေါင်၊ ချောင်းနားတန်း ရပ်ကွက်များရှိ လူနေအိမ် ၁၀၀ ကျော်သို့ မြစ်ရေများ ဝင်ရောက်လျက်ရှိပြီး လက်ရှိ အခြေအနေတွင် အဆိုပါ ရေဝင်ရောက်မှု ရှိသော နေအိမ်များမှ ပြောင်းရွှေ့ရန် လိုအပ်သော အိမ်ထောင်စုများကို နဝင်းရပ်ကွက် ရွှေပလ္လင် မှော်ဓမ္မာရုံနှင့် ဝါဆို ကျောင်းတို့၌ ရေဘေး ကယ်ဆယ်ရေး စခန်းများ ဖွင့်လှစ်၍ မြို့နယ် အုပ်ချုပ်ရေးမှူး ဦးဆောင်သော သက်ဆိုင်ရာ ရပ်ကွက် အုပ်ချုပ်ရေးမှူးများက ရွှေ့ပြောင်း နေရာချထားပေးမှုများ စီစဉ် ဆောင်ရွက်ပေးလျက် ရှိကြောင်း သိရသည်။

လက်ရှိ အခြေအနေတွင် လူ၊ တိရစ္ဆာန်နှင့် အခြားပစ္စည်း တစ်စုံတစ်ရာထိ ခိုက်ဆုံးရှုံးမှု မရှိကြောင်း နှင့်ဝါဆို ကျောင်း၌ အိမ်ထောင်စု ၉၀ ခန့်နှင့် ရွှေပလ္လင်မှော် ဓမ္မာရုံ၌ အိမ်ထောင်စု ၄၀ ခန့်ကို ရေဘေးကင်း လွတ်ရာသို့ ပြောင်းရွှေ့နေရာချထားပေးလျက်ရှိကြောင်း သတင်း ထုတ်ပြန်ချက် ထဲတွင် ပါရှိသည်။

ပဲခူးတိုင်း ဒေသကြီး ပြည်မြို့တွင် ဧရာဝတီမြစ်ရေ မြင့်တက်လျက်ရှိရာ မိုးလေဝသ နှင့် ဇလဗေဒ ညွှန်ကြားမှု ဦးစီးဌာန၏ တိုင်းထွာချက်အရ စက်တင်ဘာလ ၁၁ ရက်နံနက်တွင် ရေအမှတ် ၂၈၃၁ စင်တီမီတာ ရှိပြီး ပြည်မြို့၏ စိုးရိမ်ရေ အမှတ် စင်တီမီတာ ၂၉၀၀ သို့ရောက်ရှိရန် ၂ ပေ ၄ လက်မခန့်သာ လိုတော့ကြောင်း သိရသည်။

ယနေ့မြန်မာ စံတော်ချိန် (၂း၀၀) နာရီအချိန် တိုင်းထွာ ချက်များအရ ဘင်္ဂလား ပင်လယ်အော် အနောက်မြောက်ပိုင်းနှင့် ယင်းနှင့် ဆက်စပ်လျက် ရှိသော ဘင်္ဂလား ပင်လယ်အော် အနောက် အလယ်ပိုင်း တို့တွင် လေဖိအားနည်း ရပ်ဝန်းတစ်ခု ဖြစ်ပေါ်နေကြောင်း၊ အဆိုပါ လေဖိအားနည်း ရပ်ဝန်း၏ အရှိန်ကြောင့် မြန်မာ့ ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန် ပင်လယ်ပြင်တို့တွင် တစ်ခါတစ်ရံ မိုးသက်လေပြင်းများ ကျရောက်ပြီး၊ လှိုင်းအသင့်အတင့်မှ လှိုင်းကြီးနိုင်ကြောင်း၊ မိုးသက်လေပြင်း ကျစဉ် ရေပြင်/မြေပြင် လေသည် တစ်နာရီလျှင် (၃၅) မိုင်မှ မိုင်(၄၀) အထိ တိုက်ခတ် နိုင်ကြောင်း၊ မြန်မာ့ ကမ်းရိုးတန်း တစ်လျှောက်နှင့် ကမ်းလွန် ပင်လယ်ပြင်တို့ရှိ ကမ်းနီး၊ ကမ်းဝေး ငါးဖမ်း ရေယာဉ်များ၊‌ သင်္ဘောများ အနေဖြင့်လည်း ကြိုတင် သတိပြုရှောင်ရှား ကြရန် မိုးလေဝသ နှင့် ဇလဗေဒ ညွှန်ကြားမှု ဦးစီးဌာနမှ ကြေညာချက် ထုတ်ပြန်ထားသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.