Environment, Disasters & Accidents
ကနီမြို့တွင် ချင်းတွင်းမြစ်ရေ ဆက်လက်ဝင်ရောက်သဖြင့် နေအိမ် များပြောင်းရွှေ့ပေးခြင်းနှင့် ရေကင်းများ လှည့်လည်ဆောင်ရွက်ပေးလျက်ရှိ

ရန်ကုန်၊ ဇူလိုင် ၁၄ ရက် (ဆင်ဟွာ)
စစ်ကိုင်းတိုင်းဒေသကြီး၊ ယင်းမာပင်ခရိုင်၊ ကနီမြို့နယ်တွင် ချင်းတွင်းမြစ်ရေ ဆက်လက် မြင့်တက်လျက်ရှိပြီး ဇူလိုင် ၁၄ ရက်နေ့တွင် ကနီမြို့၏ စိုးရိမ်ရေမှတ်အထက် ၁ ပေကျော်ခန့် မြင့်တက်နေ၍ မြို့နယ်သန္ဓေမီးသတ် ဦးစီးဌာန တပ်ဖွဲ့ဝင်များနှင့် ကနီမြို့ ဟိတပုည လူမှုကူညီရေးအသင်း လူငယ်များသည် အမှတ်(၁)ရပ်ကွက်ရှိ ရေဝင်အိမ်များမှ ပစ္စည်းများ ပြောင်းရွှေပေးမှုများ၊ သောက်သုံးရေများ လှည့်လည်ပေးဝေမှုများ၊ ရေကင်းလှည့်လည်မှုများ ဆောင်ရွက်လျက်ရှိကြောင်း ပြန်ကြားရေးဝန်ကြီးဌာန ၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။
ကနီမြို့ အခြေစိုက် မိုးလေဝသနှင့်ဇလဗေဒ ညွှန်ကြားရေးဦးစီးဌာန မြို့နယ်ဇလဗေဒ စခန်းမှ တရားဝင် ထုတ်ပြန်ချက်အရ ဇူလိုင် ၁၄ ရက်နေ့ နေ့လည် ၁၂ နာရီတွင် ကနီမြို့၏ ချင်းတွင်းမြစ်ရေမှာ ၁၃၀၆ စင်တီမီတာအထိ တက်ရောက်ခဲ့၍ ကနီမြို့၏ စိုးရိမ်ရေမှတ် ၁၂၇၀ စင်တီမီတာ အထက် ၃၆ စင်တီ မီတာ (တစ်ပေကျော်ခန့်)အထိ ရောက်ရှိနေပြီဖြစ်ကြောင်း သတင်းထုတ်ပြန်ချက်ထဲတွင် ပါရှိသည်။ (Xinhua)