Connect with us

Environment, Disasters & Accidents

YBS ၅၉ ယာဉ်လိုင်းမှ ယာဉ် ၈ စီးဆင့်တိုက်မှု ဖြစ်ပွား


ရန်ကုန် ၊ ဇူလိုင် ၁၄ ရက်(ဆင်ဟွာ)

ရန်ကုန်မြို့ ၊ အောက်ကြည့်မြင့်တိုင်လမ်းရှိ ရန်ကုန် အနောက်ပိုင်း ခရိုင် ဆေးရုံအနီးတွင် ယနေ့ ဇူလိုင် ၁၄ ရက် ညနေပိုင်း အချိန်တွင် YBS ၅၉ ယာဉ်လိုင်းမှ ယာဉ်တစ်စီးမှ ယာဉ် ၈ စီးအထိ ဆင့်တိုက်မှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။

“YBS ၅၉ ကားက အနောက်ကနေ တိုက်မိတယ်။ရှေ့မှာ ကား ၈ စီးလောက် ထိသွားတယ် ကြားတယ်။ထိခိုက် ဒဏ်ရာရမှုတော့ မရှိပါဘူး။အနောက်ကနေ ဒဲ့ထိမိသွားတော့ ရှေ့က ဆက်တိုက် ဆင့်ကဲ ထိသွားတဲ့ သဘောပါ။ယာဉ်မောင်းကိုလဲ ရဲက ခေါ်ထားပါပြီ။ယာဉ်ပိုင်ရှင်တို့ ၊ တာဝန်ရှိတဲ့သူတွေ သွားပြီး ရှင်းနေကြပါပြီ။”ဟု YBS ၅၉ ယာဉ်လိုင်း တာဝန်ခံ ဦးသိန်းဇော်က ပြောသည်။

YBS ၅၉ ယာဉ်တိုက်မှုကြောင့် ထိခိုက်ပျက်စီးမှုများအား တွေ့ရစဉ်(ဆင်ဟွာ)

YBS ၅၉ ယာဉ်တိုက်မှုကြောင့် ထိခိုက်ပျက်စီးမှုများအား တွေ့ရစဉ်(ဆင်ဟွာ)

YBS ၅၉ ယာဉ်တိုက်မှုကြောင့် ထိခိုက်ပျက်စီးမှုများအား တွေ့ရစဉ်(ဆင်ဟွာ)

ထိုယာဉ်ဆင့်တိုက်မှု ဖြစ်စဉ်အား မျက်မြင် တွေ့ရှိခဲ့သူ တစ်ဦးက YBS ၅၉ ကားက အနောက်က ဝင်တိုက်မိခဲ့ခြင်း ဖြစ်ကြောင်း ၊ လမ်းမဘေးတွင် ရပ်တန့်နေသည့် ကား ၆ စီး အပါအဝင် ကား ၈ စီးခန့် ပျက်စီးမှု ရှိခဲ့ပြီး ထိခိုက် ဒဏ်ရာရသူ မတွေ့ရှိရကြောင်း ပြောသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.