Environment, Disasters & Accidents
ကျိုင်းတုံမြို့၏ အနောက်တောင်ဘက် (၃၈)မိုင် ခန့်အကွာကို ဗဟိုပြု၍ အင်အား (၄.၄)အဆင့်ရှိ ငလျင်တစ်ခုလှုပ်ရှား
ရန်ကုန်၊ ဇန်နဝါရီ ၁၆ ရက် (ဆင်ဟွာ)
ကျိုင်းတုံမြို့၏ အနောက်တောင်ဘက် (၃၈)မိုင် ခန့်အကွာကို ဗဟိုပြု၍ အင်အားရစ်(ခ်)တာ စကေး (၄.၄)အဆင့်ရှိ အင်အားအနည်းငယ်ရှိသော မြေငလျင်တစ်ခု လှုပ်ရှား သွားကြောင်း မိုးလေဝသ နှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ ယနေ့ သတင်းထုတ်ပြန်သည်။
၂၀၁၈ ခုနှစ်၊ ဇန်နဝါရီလ(၁၆)ရက်နေ့ မြန်မာစံတော်ချိန် (၁၂)နာရီ (၂၂)မိနစ် (၂၀)စက္ကန့် အချိန်တွင် မန္တလေးမြေငလျင်စခန်းမှ အရှေ့တောင်ဘက် (၂၂၅)မိုင်ခန့် ကွာဝေးသော ကျိုင်းတုံမြို့၏ အနောက်တောင်ဘက် (၃၈)မိုင် ခန့်အကွာကိုဗဟိုပြု၍ လှုပ်ရှားသွားခြင်းဖြစ်ကြောင်း သတင်းထုတ်ပြန်ချက်ထဲ တွင် ပါရှိသည်။ (Xinhua)