Environment, Disasters & Accidents
ငလျင်ဒဏ်သင့် ဘုရား ပုထိုး စေတီများ ပြုပြင်ထိန်းသိမ်းမှုများအား ၂၀၁၇ ဇန်နဝါရီလတွင် စတင်မည်
ရန်ကုန် ၊ နိုဝင်ဘာ ၈ ရက်(ဆင်ဟွာ)
ငလျင်ဒဏ်ခံခဲ့ရသော ဘုရား ပုထိုး စေတီများအား ၂၀၁၇ ဇန်နဝါရီလတွင် ပြုပြင်ထိန်းသိမ်းမှုများကို စတင်မည်ဖြစ်ကြောင်း သာသနာရေး နှင့် ယဉ်ကျေးမှု ဝန်ကြီးဌာနမှ သိရသည်။
ထိုသို့ပြုပြင် ထိန်းသိမ်းမှုများ စတင်ရာတွင် စေတီပုထိုးများအား အရေးကြီး ပထမအဆင့် ၃၆ ဆူ ၊ ဒုတိယ အဆင့် ၅၃ ဆူ ၊ တတိယ အဆင့် ၇၆ ဆူ နှင့် စတုတ္ထ အဆင့် ၂၂၄ ဆူ ဖြစ်ကြောင်း သိရသည်။
ထို့အတူ သာသနာရေးနှင့်ယဉ်ကျေးမှု ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး သူရဦးအောင်ကို နှင့် ကမ္ဘာ့ ကုလသမဂ္ဂ ပညာရေး၊ သိပ္ပံ နှင့် ယဉ်ကျေးမှု အဖွဲ့(UNESCO) မြန်မာရုံးခွဲ) မှ တာဝန်ခံ Ms.Duong Bich Hanh နှင့်အဖွဲ့တို့သည် နိုဝင်ဘာ ၇ ရက်တွင် တွေ့ဆုံခဲ့ပြီး ပုဂံဒေသ ရှိ ငလျင်ဒဏ်သင့် စေတီပုထိုးများ ပြုပြင်ထိန်းသိမ်းရေး ဆောင်ရွက်ရန် ပညာရှင်များနှင့် တွေ့ဆုံဆွေးနွေးခဲ့သည့် အစည်းအဝေးမှ လုပ်ငန်းအစီရင်ခံစာအနှစ်ချုပ်အား ရှင်းလင်း တင်ပြပြီး သာသနာရေး နှင့်ယဉ်ကျေးမှုဝန်ကြီးဌာနနှင့် ယူနက်စကိုတို့ ပူးပေါင်း၍ ကူညီ ဆောင်ရွက်မည့်ကိစ္စရပ်များအတွက် ပြည်ထောင်စု ဝန်ကြီးထံသို့ဆွေးနွေး တင်ပြခဲ့ကြကြောင်း သိရသည်။(Xinhua)