Connect with us

Environment, Disasters & Accidents

စစ်ကိုင်း တိုင်းဒေသကြီး အတွင်း ရေကြီးရေလျှံမှုကြောင့် ၁ ဦး သေဆုံးကာ အိမ်ထောင်စု ၂၂၀၀ ကျော် ဘေးလွတ်ရာသို့ ရွှေ့ပြောင်း

စစ်ကိုင်းတိုင်း အတွင်း ရေကြီးရေလျှံမှုများ နှင့် ကနဦး ထောက်ပံ့မှုများ ပေးအပ်နေမှုများအား တွေ့ ရစဉ်(ဓာတ်ပုံ- Relief and Resettlement Department – Myanmar)

ရန်ကုန် ၊ ဇူလိုင် ၁၁ ရက်(ဆင်ဟွာ)

စစ်ကိုင်းတိုင်းဒေသကြီးအတွင်းရှိ ဟုမ္မလင်း၊ ခန္တီး၊ မော်လိုက်၊ ဖောင်းပြင်၊ ကလေးဝ၊ မင်းကင်း၊ မုံရွာ မြို့နယ် များအတွင်း၌ ဇူလိုင် ၂ ရက်မှ ၉ ရက် အတွင်း ရေကြီးရေလျှံမှု များကြောင့် အိမ်ခြေ ၂၄ လုံး မျောပါ ပျက်စီး ခဲ့ကာ အိမ်ထောင်စု ၂၂၀၀ ကျော် ဘေးလွတ်ရာသို့ ပြောင်းရွှေ့ ခဲ့ရပြီး လူ ၁ ဦး သေဆုံးခဲ့ကြောင်း လူမှုဝန်ထမ်း ၊ ကယ်ဆယ်ရေး နှင့် ပြန်လည်နေရာ ချထားရေး ဝန်ကြီးဌာနမှ သိရသည်။

ရေဘေးသင့် ပြည်သူများ အတွက် ဆန်ရိက္ခာဖိုး၊ အိမ်ဆောက်ပစ္စည်းဖိုး၊ သေဆုံးသူ ထောက်ပံ့ငွေနှင့် မိသားစုသုံး ပစ္စည်းများ စုစုပေါင်း ပစ္စည်းနှင့်ငွေသား ကျပ် (၂၅.၆၅၃) သန်းအား လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေး နှင့် ပြန်လည် နေရာ ချထားရေး ဝန်ကြီးဌာနမှ ထောက်ပံ့ခဲ့ပြီး ထောက်ပံ့မှုများ ဆက်လက် ဆောင်ရွက်လျက် ရှိကြောင်း သိရသည်။

ချင်းတွင်း မြစ်ရေ နှင့် ငဝန် မြစ်ရေ များမှာ မိုးလေဝသ နှင့် ဇလဗေဒ ညွှန်ကြားမှု ဦးစီး ဌာန၏ ဇူလိုင် ၁၀ ရက် ထုတ်ပြန်မှုများ အရ ဆက်လက်မြင့်တက်လျက် ရှိသည့် အတွက် မြစ်ကြောင်းများ တလျောက်ရှိ မြစ်ကမ်း အနီး နှင့် မြေနိမ့်ပိုင်း နေထိုင်သူများအနေဖြင့် ရေကြီးရေလျှံမှုများနှင့် ပတ်သက်၍ အထူးသတိပြု နေထိုင်ကြရန် အကြံပြုထားသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.