Connect with us

Environment, Disasters & Accidents

ယာဉ်တိုက်မှုကြောင့် YBS ၅၅ ယာဉ်လိုင်းတစ်လိုင်းလုံး ဖျက်သိမ်း

YBSခရီးသည်တင်ယာဉ်လိုင်း ၅၅ နှင့် ၃၇ ယာဉ်လိုင်း မျက်နှာချင်းဆိုင်တိုက်မှုဖြစ်ပွားစဉ်(ဓာတ်ပုံ- မြန်မာ့နိုင်ငံမီးသတ်ဦးစီးဌာန)

ရန်ကုန်၊ ဇူလိုင် ၁၀ ရက် (ဆင်ဟွာ)

ရန်ကုန်တိုင်းဒေသကြီး မင်္ဂလာဒုံမြို့နယ် ပျဉ်းမပင်အုပ်စု ထောက်ကြန့်မွေးမြူရေး မှတ်တိုင်အနီး ဖြစ်ပွားခဲ့သော ယာဉ်တိုက်မှုကြောင့် YBS-၅၅ယာဉ်လိုင်းတစ်လိုင်းလုံးကို ဖျက်သိမ်းလိုက်ကြောင်း အဆိုပါ ယာဉ်လိုင်းထံမှသိရသည်။

မြောက်ပိုင်းခရိုင် တိုက်ကြီးသား အများပိုင် ကုမ္ပဏီမှYBS ၅၅ ယာဉ်လိုင်းအား ယနေ့မှစ၍ ပြေးဆွဲခွင့် ဖျက်သိမ်းလိုက်ပြီဖြစ်ကြောင်း၊ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၌ ပြုလုပ်သော အစည်းအဝေးတွင် သယ်ယူပို့ဆောင်ရေး ကြီးကြပ်မှု အာဏာပိုင်အဖွဲ့မှ ဆုံးဖြတ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။YBSခရီးသည်တင်ယာဉ်လိုင်း ၅၅ နှင့် ၃၇ ယာဉ်လိုင်းတို့သည် ဇူလိုင် ၇ ရက်နေ့ နေ့လည်က ယာဉ်နှစ်စီးမျက်နှာချင်းဆိုင်တိုက်မှုဖြစ်ပေါ်ခဲ့ပြီး သေဆုံးသူ ၁၀ဦး၊ ဒဏ်ရာရရှိသူ ၃၈ဦးတို့ရှိကြောင်း သိရသည်။(Xinhua)