Environment, Disasters & Accidents
စစ်ကိုင်းတိုင်းဒေသကြီး၊ မင်းကင်းမြို့၏ အနောက်တောင်ဘက်(၁၃)မိုင်ခန့်အကွာ တွင်အင်အား(၄.၃) အဆင့်ရှိ ငလျင်တစ်ခုလှုပ်ရှား
ရန်ကုန်၊ စက်တင်ဘာ ၂၇ ရက် (ဆင်ဟွာ)
စစ်ကိုင်းတိုင်းဒေသကြီး၊ မင်းကင်းမြို့၏ အနောက်တောင်ဘက်(၁၃)မိုင်ခန့်အကွာ မြောက်လတ္တီတွဒ် (၂၂.၇၃) ဒီဂရီ၊ အရှေ့ လောင်ဂျီတွဒ် (၉၄.၃၈) ဒီဂရီ၊ အနက်(၆၀) ကီလိုမီတာကို ဗဟိုပြု၍ အင်အားရစ်(ခ်)တာစကေး (၄.၃) အဆင့်ရှိ အင်အားအနည်းငယ်ရှိသော မြေငလျင်တစ်ခုလှုပ်ရှားသွားကြောင်း မိုးလေဝသ နှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာန မှ ယနေ့သတင်းထုတ်ပြန်သည်။
အဆိုပါငလျင်သည် ၂၀၁၈ ခုနှစ်၊ စက်တင်ဘာလ (၂၇) ရက်နေ့၊ မြန်မာစံတော်ချိန် (၀၈)နာရီ၊ (၄၉)မိနစ်၊ (၅၅)စက္ကန့် အချိန်တွင် လှုပ်ရှားသွားခြင်းဖြစ်ပြီး ပျက်စီးဆုံးရှုံးမှုမရှိကြောင်း သိရသည်။ (Xinhua)