Environment, Disasters & Accidents
စစ်ကိုင်းတိုင်းဒေသကြီး၊ မော်လိုက်မြို့၏ အနောက်တောင်ဘက် (၁၆) မိုင်ခန့် အကွာတွင် ဗဟိုပြု၍ အင်အား ရစ်တာစကေး (၄.၈) အဆင့်ရှိငလျင်တစ်ခုလှုပ်ရှား

ရန်ကုန်၊ နိုဝင်ဘာ ၂၉ ရက် (ဆင်ဟွာ)
စစ်ကိုင်းတိုင်းဒေသကြီး၊ မော်လိုက်မြို့၏ အနောက်တောင်ဘက် (၁၆) မိုင်ခန့် အကွာ တွင် ဗဟိုချက်အနက် (၅၆)ကီလိုမီတာခန့်ကို ဗဟိုပြု၍ အင်အား ရစ်တာစကေး (၄.၈) အဆင့်ရှိ အင်အား အနည်းငယ်ရှိသော မြေငလျင်တစ်ခု လှုပ်ရှားသွားကြောင်း မိုးလေဝသ နှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာန မှ ယနေ့သတင်းထုတ်ပြန်သည်။
အဆိုပါငလျင်သည် ၂၀၁၈ ခုနှစ် ၊ နိုဝင်ဘာလ (၂၉)ရက်နေ့ မြန်မာစံတော်ချိန် (၁၀)နာရီ (၂၇)မိနစ် (၃၇)စက္ကန့် အချိန်တွင် တမူးမြေငလျင်စခန်းမှ တောင်ဘက် မိုင်(၅၀)ခန့် ကွာဝေးသော မော်လိုက်မြို့၏ အနောက်တောင်ဘက် (၁၆) မိုင်ခန့် မြောက်လတ္တီတွဒ် (၂၃.၅၀)ဒီဂရီ၊ အရှေ့လောင်ဂျီတွဒ် (၉၄.၂၂) ဒီဂရီ တွင်လှုပ်ရှားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ (Xinhua)