Connect with us

Environment, Disasters & Accidents

ကချင်ပြည်နယ် ပူတာအိုမြို့ အနီး အင်အားရစ်(ခ်)တာစကေး ၅.၆ အဆင့်ရှိ မြေငလျင် လှုပ်ခတ်

ပူတာအိုမြို့ အနီး လှုပ်ခတ်သွားသည့် မြေငလျင် တည်နေရာအား တွေ့ရစဉ်(ဓာတ်ပုံ-မိုး/ဇလ)

ရန်ကုန် ၊ နိုဝင်ဘာ ၂၈ ရက်(ဆင်ဟွာ)

ကချင်ပြည်နယ် ပူတာအိုမြို့ အနီး အင်အားရစ်(ခ်)တာစကေး ၅.၆ အဆင့်ရှိ အင်အားအသင့်အတင့်ရှိသော မြေငလျင်တစ်ခုသည် ယနေ့ ညနေပိုင်းတွင် လှုပ်ခတ်သွားခဲ့ကြောင်း မိုးလေဝသ နှင့် ဇလဗေဒ ညွှန်ကြားမှု ဦးစီးဌာနမှ ထုတ်ပြန်ခဲ့သည်။

ထိုမြေငလျင်သော အနက်တိမ်သော ငလျင် အမျိုးအစား ဖြစ်သောကြောင့် ငလျင်လှုပ်ခတ်ခဲ့သည့် နေရာတဝိုက်တွင် သိရှိခံစားမှု ရှိကြောင်း ၊ ထိခိုက် ပျက်စီးမှု အခြေအနေ မရရှိကြောင်း မြေငလျင် ဌာနခွဲမှ တာဝန်ရှိသူ တစ်ဦးက ပြောကြားခဲ့သည်။ပူတာအိုမြို့၏ အနောက်ဘက် (၃၆)မိုင်ခန့်အကွာ မြောက်လတ္တီတွဒ် (၂၇.၂၆)ဒီဂရီ၊ အရှေ့လောင်ဂျီတွဒ် (၉၆.၈၅) ဒီဂရီ၊ အနက် (၄၃)ကီလိုမီတာကို ဗဟိုပြု၍ မြန်မာစံတော်ချိန် (၁၆)နာရီ၊ (၄၇)မိနစ်၊ (၁၁)စက္ကန့် အချိန်တွင် မြေငလျင် လှုပ်ခတ်သွားကြောင်း သတင်း ထုတ်ပြန်ခဲ့သည်။(Xinhua)