Environment, Disasters & Accidents
စစ်တွေလေဆိပ်မှ ရန်ကုန်လေဆိပ်သို့ ထွက်ခွာလာသော လေယာဉ်ရှေ့လေကာမှန်အက်၍ အရေးပေါ် ဆင်းသက်

ရန်ကုန်၊ ဇူလိုင် ၂၁ ရက် (ဆင်ဟွာ)
စစ်တွေလေဆိပ်မှ ရန်ကုန်လေဆိပ်သို့ ထွက်ခွာလာသော လေယာဉ်တစ်စီးသည် ဇူလိုင် ၂၀ရက်နေ့ မွန်းလွဲ ၃နာရီ ၂၅မိနစ်က ရှေ့လေကာမှန်အက်၍ အရေးပေါ် ဆင်းသက်ခဲ့ရကြောင်း ပြည်ထဲရေးဝန်ကြီးဌာနက ထုတ်ပြန်သော သတင်းအရ သိရသည်။
Air KBZ လေကြောင်းလိုင်းမှ လေယာဉ်အမျိုးအစား ATR-72 ၊ အမှတ် XY-AMA ၊ ခရီးစဉ် K7-423 သည် ခရီးသည် ၄၂ ဦး (မြန်မာနိုင်ငံသား ၃၂၊ နိုင်ငံခြားသား ၁၀) တင်ဆောင်၍ စစ်တွေလေဆိပ်မှ ရန်ကုန်လေဆိပ်သို့ ထွက်ခွာခဲ့ရာ အဆိုပါ လေယာဉ်ရှေ့လေကာမှန်အက်ကြောင်း ဖြစ်ပေါ်လာသဖြင့် ညနေ ၄နာရီ ၁၅မိနစ် အချိန်တွင် သံတွဲလေဆိပ်သို့ အရေးပေါ် ဆင်းသက်ခဲ့ပြီး ညအိပ်ရပ်နားခဲ့ရကြောင်း သိရသည်။လေယာဉ်ပေါ်ပါ ခရီးသည်များသည် ငပလီကမ်းခြေရှိ ရိုးမချယ်ရီ ဟိုတယ်နှင့် စံဝတီတည်းခိုခန်းတို့တွင် တည်းခိုလျက်ရှိကြောင်း သိရသည်။(Xinhua)