Connect with us

Environment, Disasters & Accidents

တနင်္သာရီတိုင်းဒေသကြီးတွင် မြစ်ရေလျှံမှုကြောင့် လူဦးရေ ၂၈၀၀ကျော် ယာယီပြောင်းရွေ့နေထိုင်

တနင်္သာရီတိုင်းအတွင်း ရေကြီးနေမှုအားတွေ့ရစဉ်(MOI)

ရန်ကုန်၊ ဇူလိုင် ၂၁ ရက် (ဆင်ဟွာ)

တနင်္သာရီတိုင်းဒေသကြီး မြိတ်ခရိုင် တနင်္သာရီမြို့ ၌ တနင်္သာရီမြစ်ရေလျှံမှုကြောင့် ဇူလိုင် ၁၅ ရက်မှ ၂၀ ရက်အထိ လူဦးရေ ၂၈၀၀ကျော် ယာယီ ပြောင်းရွှေ့နေထိုင်နေရကြောင်း ပြန်ကြားရေးဝန်ကြီးဌာနက ထုတ်ပြန်သော သတင်းအရ သိရသည်။

တနင်္သာရီမြို့တွင်းရှိ အိမ်ခြေ ၅၄၁ လုံး၊ အိမ်ထောင်စု ၅၅၃ စု၊ လူဦးရေစုစုပေါင်း၂၈၄၂ ဦးသည် ကယ်ဆယ်ရေးစခန်းများ၊ နီးစပ်ရာဆွေမျိုးများ၊ ဘုန်းတော်ကြီးကျောင်းများသို့ ယာယီ ပြောင်းရွှေ့နေထိုင်နေရကြောင်း သိရသည်။တနင်္သာရီမြို့နယ်မြစ်ရေသည် စိုးရိမ်ရေအမှတ်(၁၇)ပေထက် ကျော်လွန်ပြီး ဇူလိုင် ၁၉ ရက်နေ့ နံနက်ပိုင်းတွင် ၂၄ ပေ ၃ လက်မ အထိရောက်ရှိနေသဖြင့် မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်း(၁၈)ကျောင်းထပ်မံ ပိတ်ထားရပြီး ဇူလိုင်လ ၁၇ ရက်နေ့ကလည်း ကျောင်း(၁၂)ကျောင်း ပိတ်ထားရကြောင်း သိရသည်။(Xinhua)

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117