Environment, Disasters & Accidents
တနင်္သာရီ တိုင်းဒေသကြီး မြိတ်မြို့နယ် အတွင်း စိုက်ပျိုးပြီး မိုးစပါး ဧက ၆ဝဝ ကျော် ရေနစ်မြုပ်

ရန်ကုန် ၊ သြဂုတ် ၈ ရက်(ဆင်ဟွာ)
တနင်္သာရီ တိုင်းဒေသကြီး မြိတ်မြို့တွင် မိုးစပါးစိုက်ပျိုးသည့် ကျေးရွာပေါင်း ၂ဝ ခန့်ရှိရာ ရေကြီး နစ်မြုပ် နေသည့် မိုးစပါးစိုက်ပျိုးပြီး ကျေးရွာ လေးခုရှိ လယ် ၆၁၁ ဧကခန့်တွင် ရေကြီး နစ်မြုပ်လျက် ရှိကြောင်း ပြန်ကြားရေး ဝန်ကြီးဌာန၏ ထုတ်ပြန်သော သတင်း အရ သိရသည်။
ရေကြီးနစ်မြုပ်နေသည့် မိုးစပါးစိုက်ပျိုးပြီး လယ် ဧကများမှာ မဇောကျေးရွာတွင် ၄ဝ၉ ဧက၊ စန္ဒဝတ် ကျေးရွာ တွင် ၈၆ ဧက၊ တုံးဗျောကျေးရွာတွင် ၆၉ ဧက နှင့် သစ်ယာဝကျေးရွာတွင် ၄၇ ဧကခန့်ရှိကြောင်း နှင့် ရေကြီး နစ်မြုပ်မှုကြောင့် ဆုံးရှုံးနိုင်သည့် အခြေအနေတွင်မူ မရှိသေးကြောင်း မြိတ်မြို့နယ်စိုက်ပျိုးရေး ဦးစီးဌာနမှ သိရသည်။
မြိတ်မြို့တွင် ယခုနှစ်အတွင်း မိုးစပါး ၄၃၃၉၁ ဧကခန့် စိုက်ပျိုးရန်လျာထားပြီး ဧကပေါင်း ၂၄၅၃၁ ကို ဇွန်လ မတိုင်မီက စိုက်ပျိုးခဲ့ပြီးဖြစ်ကြောင်း သိရသည်။(Xinhua)