Environment, Disasters & Accidents
တမူးမြို့အနီး အင်အား ရစ်တာစကေး ၄.၈ အဆင့်ရှိ မြေငလျင် လှုပ်ခတ်

ရန်ကုန် ၊ ဇွန် ၆ ရက်(ဆင်ဟွာ)
စစ်ကိုင်းတိုင်းဒေသကြီး ၊ တမူးမြို့အနီး အင်အား ရစ်တာစကေး(၄.၈)အဆင့်ရှိ အင်အား အနည်းငယ် ရှိသော မြေငလျင်တစ်ခုသည် ယနေ့နံနက်ပိုင်း အချိန်တွင် လှုပ်ခတ်သွားခဲ့ကြောင်း မိုးလေဝသ နှင့် ဇလဗေဒ ညွှန်ကြားမှု ဦးစီးဌာနမှ ထုတ်ပြန်ခဲ့သည်။
ထိုမြေငလျင်သည် တမူးမြေငလျင်စခန်းမှ အရှေ့တောင်ဘက် မိုင်(၂၀) ခန့် ကွာဝေးသော မြန်မာနိုင်ငံ ပြည်တွင်း (တမူးမြို့၏ အရှေ့တောင်ဘက် မိုင်(၂၀)ခန့် ) အကွာ မြောက်လတ္တီတွဒ် (၂၃.၉၈) ဒီဂရီ၊ အရှေ့လောင်ဂျီတွဒ် (၉၄.၅၀) ဒီဂရီ၊ အနက် (၈၅) ကီလိုမီတာကို ဗဟိုပြု၍ မြန်မာစံတော်ချိန် (၀၅)နာရီ (၄၂)မိနစ် (၃၁)စက္ကန့် အချိန်တွင် လှုပ်ခတ်သွားခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။(Xinhua)