Connect with us

Environment, Disasters & Accidents

တောင်ကြီးမြို့၌ မီးလောင်မှုကြောင့် နေအိမ် ၆ လုံး မီးလောင်ကျွမ်းပြီး တန်ဖိုး ကျပ် ၁၉၉ သိန်းကျော်ခန့် ဆုံးရှုံးခဲ့

မီးပုံးပျံ ယမ်းစပ်ရာမှ မီးလောင်မှု ဖြစ်ပွားခဲ့မှုအား တွေ့ ရစဉ်(ဓာတ်ပုံ-Ministry of Home Affairs, Myanmar)

ရန်ကုန် ၊ အောက်တိုဘာ ၃၀ ရက်(ဆင်ဟွာ)

တောင်ကြီးမြို့၌ မီးပုံးပျံအတွက် ယမ်းစပ်ရာမှ မီးလောင်ကျွမ်းရာ နေအိမ် ၆ လုံး မီးလောင်ကျွမ်းခဲ့ပြီး တန်ဖိုး ကျပ် ၁၉၉.၉ သိန်းခန့် ဆုံးရှုံးခဲ့ကြောင်း ပြည်ထဲရေး ဝန်ကြီးဌာနမှ ယနေ့သတင်း ထုတ်ပြန်ခဲ့သည်။

ထို့အတူ ရွှေညောင် မီးသတ်ယာဉ်အား မောင်းနှင်လာသူ တစ်ဦးမှာ ယခင် အဆုပ်ရောဂါရှိပြီး မီးငြှိမ်းသတ် နေစဉ် အောက်စီဂျင် ပြတ်တောက်၍ သေဆုံးသွားခဲ့ကြောင်း ထုတ်ပြန်မှု အရ သိရသည်။

တောင်ကြီးမြို့ ချမ်းမြသာစည် ရပ်ကွက်တွင် အောက်တိုဘာ ၂၉ ရက်တွင် ညပိုင်းတွင် မီးပုံးပျံအတွက် ယမ်းစပ်ရာမှ မီးလောင်ကျွမ်းခဲ့သဖြင့် မီးလောင်ဒဏ်ရာ ရရှိသူ ၃ ဦး ရှိခဲ့ကြောင်း သိရသည်။

ထို့ကြောင့် ချမ်းမြသာစည် ရပ်ကွက်နေ မီးပုံးပျံဆရာ အောင်ငဲ(ခ)စိုးနိုင်လေးအား တောင်ကြီး နယ်မြေ ရဲစခန်း(ပ)၁၃၁/၂၀၁၇ ရာဇသတ်ကြီးပုဒ်မ ၃၀၄-က/၃၃၈/၂၈၅ဖြင့် အမှုဖွင့် စစ်ဆေးလျက် ရှိကြောင်း သိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.