Environment, Disasters & Accidents
နောက် ၇၂ နာရီ အတွင်း ဒေသအလိုက်မိုးကြီး ခြင်း လေပြင်းတိုက်ခတ်ခြင်းများဖြစ်ပေါ်နိုင်
ရန်ကုန်၊ သြဂုတ် ၂၃ ရက် (ဆင်ဟွာ)
ယနေ့ညနေမှ နောက်(၇၂) နာရီအတွင်း နေပြည်တော်၊ စစ်ကိုင်းတိုင်းဒေသကြီး၊ မန္တလေး တိုင်းဒေသကြီး၊ ကချင်ပြည်နယ်နှင့် ရှမ်းပြည်နယ်တို့တွင် နေရာအနှံ့အပြား မိုးထစ်ချုန်း ရွာပြီး၊ ဒေသအလိုက် မိုးကြီးခြင်းနှင့် လေပြင်းတိုက်ခတ်ခြင်းများ ဖြစ်ပေါ်နိုင်ကြောင်း မိုးလေဝသ နှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန မှ ထူးခြားမိုးလေဝသ အခြေအနေအား သတင်းထုတ်ပြန်ခဲ့သည်။
လေပြင်းများတိုက်ခတ်စဉ် မြေပြင်လေသည် တစ်နာရီလျှင် မိုင်(၃၀)အထိ တိုက်ခတ်နိုင်ကြောင်း၊ သို့ဖြစ်ပါ၍ ကုန်းမြင့်ဒေသအနီးတွင် နေထိုင်ကြသူများအနေဖြင့် မြေပြိုမှုအန္တရာယ်ကို လည်းကောင်း၊ မြစ်ငယ်ချောင်းငယ်များအနီးတွင် နေထိုင်ကြသူများအနေဖြင့် မြစ်ရေ ရုတ်တရက်မြင့်တက်လာနိုင်ပြီး ရေကြီးရေလျှံမှု ဖြစ်ပေါ်ခြင်း၊ လေပြင်းတိုက်ခတ်ခြင်းများ ဖြစ်ပေါ်နိုင်ပါသဖြင့် ကြိုတင်သတိပြုနိုင်ပါရန် မိုးဇလ မှ အကြံပြုထားသည်။ (Xinhua)