Environment, Disasters & Accidents
ပဲခူးမြစ်ရေမြင့်တက်မှုကြောင့် လူ ၁၅၀၀ခန့် ပြောင်းရွှေ့နေထိုင်

ရန်ကုန်၊ စက်တင်ဘာ ၁၄ ရက် (ဆင်ဟွာ)
ပဲခူးတိုင်းဒေသကြီးတွင် ပဲခူးမြစ်ရေမြင့်တက်လာမှုကြောင့် လူ ၁၅၀၀ခန့် ရေဘေးလွတ်ရာသို့ ပြောင်းရွှေ့နေထိုင်ခဲ့ရကြောင်း ပြည်ထဲရေးဝန်ကြီးဌာနက ယနေ့ ထုတ်ပြန်သော သတင်းအရ သိရသည်။
ပဲခူးမြို့နယ်အတွင်း ပဲခူးမြစ်ရေမြင့် တက်မှုကြောင့် စက်တင်ဘာလ ၁၃ ရက် နံနက် ၁၀နာရီ၃၀ အချိန် တွင် ကလျာဏီရပ်ကွက်ပါ ရပ်ကွက်နှစ်ခုတွင် ရေအနက် ၁ ပေမှ ၅ ပေခန့်ထိ ဝင်ရောက်နေသဖြင့် အဆိုပါ ရပ်ကွက်နေများ ရေဘေးလွှတ်ရာများသို့ ပြောင်းရွှေ့နေထိုင်နေရကြောင်း သိရသည်။
ကလျာဏီရပ်ကွက်မှ အိမ်ထောင်စု ၁၇၄ စု၊ လူဦးရေ ၉၃၄ ဦး(ကျား ၄၅၃၊ မ ၄၈၁)တို့သည် အ.ထ.က(၇)ရေဘေး ကယ်ဆယ်ရေးစခန်းသို့ လည်းကောင်း၊ အိမ်ထောင်စု ၉၁ စု၊ လူဦးရေ ၄၀၉ ဦး (ကျား ၁၉၆၊ မ ၂၁၃)တို့သည် ကလျာဏီသိမ်ရေဘေးကယ်ဆယ်ရေးစခန်းသို့လည်းကောင်း၊ (၇)ရပ်ကွက်မှ အိမ်ထောင်စု ၁၄၆ စု၊ လူဦးရေ ၄၃၂ ဦး (ကျား ၂၂၂၊ မ ၂၁၀)တို့သည် ဒက္ခိဏသာခါ ဘုန်းကြီးကျောင်း ရေဘေးကယ်ဆယ်ရေးစခန်းသို့လည်းကောင်း၊ အိမ်ထောင်စု ၉၆ စု၊ လူဦးရေ ၃၆၇ ဦး(ကျား ၁၆၃၊ မ ၂၀၄)တို့သည် ပညာမွန်ပရိယတ္တိစာသင်တိုက်ရေဘေးကယ်ဆယ်ရေးစခန်းသို့လည်းကောင်း အသီးသီး ရွှေ့ပြောင်းနေထိုင်လျက်ရှိကြောင်း သိရသည်။(Xinhua)