Connect with us

Environment, Disasters & Accidents

ဖားကန့်တွင် ကမ်းပါးပြိုကျမှုကြောင့် ၂၇ဦး ပျောက်ဆုံးနေ

ဖားကန့်တွင် ကမ်းပါးပြိုကျမှုသော နေရာအားတွေ့ရစဉ်(MOI)

ရန်ကုန်၊ ဇူလိုင် ၂၅ ရက် (ဆင်ဟွာ)

ကချင်ပြည်နယ် ဖားကန့်မြို့နယ် ဆိပ်မူကျေးရွာအုပ်စု အောက်မက်လင်ချောင်မှော် ဧရာရတနာကုမ္ပဏီ လုပ်ကွက်ဟောင်းသည် ဇူလိုင် ၂၄ ရက် နံနက်ပိုင်းက မြေကမ်းပါးယံမှ မြေစာများပြိုကျမှုဖြစ်ပွားပြီး လူ ၂၇ဦး ပျောက်ဆုံးနေကြောင်း ဖားကန့်မြို့နယ်ရဲစခန်းက ရဲအရာရှိတစ်ဦးက ဆင်ဟွာသတင်းဌာနသို့ ပြောကြားသည်။

“ မနက်စောစောပိုင်းက အမြင့်ပေ (ခန့်မှန်း) ၃၀၀ကျော်က မြေပြိုကျတာ၊ ၂၇ယောက် ပျောက်ဆုံးနေဆဲပါ” ဟု ၎င်းက ဆိုသည်။

အဆိုပါ ပြိုကျခဲ့သည့် မြေစာပုံသည် ထပ်မံပြိုကျနိုင်သည့် အနေအထားရှိသဖြင့် ကယ်ဆယ်ရှာဖွေရေးအဖွဲ့မှ ရှာဖွေရေးလုပ်ငန်းများကို ရပ်နားထားကြောင်း ပြန်ကြားရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသော သတင်းအရ သိရသည်။

ယင်း မြေစာပုံပြိုကျမှုကြောင့် သက်ဆိုင်ရာအုပ်ချုပ်ရေးအဖွဲ့သို့ ပျောက်ဆုံး နေသောရေမဆေးကျောက် ရှာဖွေသူနာမည်များ လာရောက်ပေးပို့ထားကြောင်း သိရသည်။

လုံးခင်းကျေးရွာအုပ်စု၊ ဆန်ခါကျေးရွာရှိ၊ မဟာအစပထမ ကုမ္ပဏီ လုပ်ကွက်ဟောင်းအတွင်း ဇူလိုင် ၁၄ ရက်နေ့ကလည်း ကမ်းပါးပြိုကျမှုကြောင့် ၁၇ဦးသေဆုံးခဲ့ပြီး ၄၃ဦး ဒဏ်ရာရရှိခဲ့သည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.