Environment, Disasters & Accidents
ဖားကန့်ရှိ ကားဝပ်ရှော့ မီးလောင်မှုကြောင့် ကျပ် ၁၅သိန်းခန့် ဆုံးရှုံး

ရန်ကုန်၊ ဖေဖော်ဝါရီ ၂၁ ရက် (ဆင်ဟွာ)
ကချင်ပြည်နယ် ဖားကန့်မြို့ မှော်ဝမ်းရပ်ကွက်၌ ကားဝပ်ရှော့ တစ်ခုအတွင်း ဝါယာရှော့ဖြစ်ကာ မီးလောင်မှု ဖြစ်ပွားပြီး ကျပ် ၁၅သိန်းခန့် ဆုံးရှုံးခဲ့ကြောင်း ဖားကန့်မြို့နယ် မီးသတ်ဦးစီးဌာနထံမှ သိရသည်။
ဖားကန့်မြို့ မှော်ဝမ်းရပ်ကွက်ကြက်တစ်ကောင်ကုန်းရှိ ကျောက်စိမ်းတောင် ကျောက်မျက် တူးဖော်ရေး ကုမ္ပဏီ လုပ်ကွက်အတွင်းရှိ မော်တော်ယာဉ်ပြင် အလုပ်ရုံအတွင်း လျှပ်စစ် ဝါယာရှော့ ဖြစ်၍ မီးစတင်လောင်ကျွမ်းရာ အလျားပေ ၄ဝ၊ အနံပေ ၆ဝ ရှိ မော်တော်ယာဉ်ပြင် အလုပ်ရုံလေးရုံ ကာလတန်ဖိုးငွေကျပ် ၁၅ သိန်းခန့် မီးလောင်ဆုံးရှုံးခဲ့ကြောင်း သိရသည်။
အဆိုပါ မီးလောင်မှုနှင့် ပတ်သတ်ပြီး ဖားကန့်မြို့မ ရဲစခန်းက (ပ)၃၈/၂ဝ၁၈၊ ပြစ်မှုပုဒ်မ ၂၈၅ အရ အမှုဖွင့် အရေးယူထားကြောင်း သိရသည်။(Xinhua)