Environment, Disasters & Accidents
ဖြူးချောင်းအတွင်း ပေ ၂၇၀ ရှည် တံတားနှစ်စင်းရေထဲမျော
ရန်ကုန်၊ သြဂုတ် ၂၉ ရက် (ဆင်ဟွာ)
တောင်ငူခရိုင်၊ ဖြူးမြို့နယ်၊ မိတ္ထီလာစုကျေးရွာနှင့် ကန်စွန်းအင်း ကျေးရွာ ဆက်သွယ်ထားသော တံတားနှင့် ဝဲဒေါင့်ကျေးရွာနှင့် ဥယာဉ်စု ကျေးရွာ ဆက်သွယ် ထားသော တံတားများသည် ဖြူးချောင်းအတွင်းသို့ ရေစီးနှင့်မျောပါသွားကြောင်း ပြန်ကြားရေးဝန်ကြီးဌာနက ထုတ်ပြန်သော သတင်းအရ သိရသည်။
ဖြူးချောင်းပေါ်ရှိ မိတ္ထီလာစုကျေးရွာနှင့် ကန်စွန်းအင်းကျေးရွာ ဆက်သွယ်ထားသော သစ်သားတံတား (အရှည် ၂၇၀ ပေ၊ အကျယ် ၅ပေ၊ အမြင့် ၁၂ပေ) အား ၂၀၁၄ ခုနှစ်က ကိုယ်ထူကိုယ်ထ (တန်ဖိုးငွေကျပ် ၄၈ သိန်း) ဖြင့် ဆောက်လုပ်ခဲ့ပြီး ဝဲဒေါင့်ကျေးရွာနှင့် ဥယာဉ်စု ကျေးရွာဆက်သွယ်ထားသော မျှောတိုင်ထောင်၊ ဝါးကပ်ခင်း တံတား (အရှည် ၂၇၀ ပေ၊ အကျယ် ၅ပေ၊ အမြင့် ၁၂ပေ) အား ၂၀၀၇ ခုနှစ် ခန့်က ကိုယ်ထူကိုယ်ထ (တန်ဖိုးငွေကျပ် ၂၅ သိန်း)ဖြင့် ဆောက်လုပ်ခဲ့ရာ သြဂုတ်လ ၂၈ ရက်နေ့ နံနက်တွင် ဖြူးချောင်းအတွင်းသို့ ရေစီးနောက်သို့ မျောပါသွားခဲ့ကြောင်း သိရသည်။
အဆိုပါဖြစ်စဉ်ကြောင့် လူနှင့်တိရစ္ဆာန် ထိခိုက်ဒဏ်ရာ ရရှိမှု မရှိကြောင်းနှင့် ဖြူးချောင်းရေသည် ကုန်းပေါ်သို့ရောက်ရှိရန် (၄)ပေခွဲခန့် လိုအပ်ကြောင်း သိရသည်။(Xinhua)