Environment, Disasters & Accidents
မန္တလေးမြို့ မင်္ဂလာဈေး မီးလောင်မှု အဆင့် ၅ ရှိ
ရန်ကုန်၊မတ်၂၂ရက်(ဆင်ဟွာ)
မန္တလေးမြို့ မင်္ဂလာဈေးတွင် မတ်လ ၂၂ ရက် ညနေပိုင်းက မီးလောင်မှု ဖြစ်ပွားရာ အဆင့် ၅ သတ်မှတ်၍ မီးသတ်ယာဉ် အုပ်စုများ ထွက်ခွာ ငြိမ်းသတ်လျက် ရှိကြောင်း ၊ ယခု အချိန်အထိ မီးလောင်ကျွမ်းနေဆဲ ဖြစ်ကြောင်း မန္တလေးတိုင်းဒေသကြီး မီးသတ်တပ်ဖွဲ့က ယနေ့ ညနေပိုင်း၌ ဆင်ဟွာသို့ ပြောကြားသည်။
မန္တလေးမြို့ မင်္ဂလာဈေး မီးလောင်ကျွမ်းမှုအားတွေ့ရစဉ် (ဓာတ်ပုံ- Myanmar Fire Services Department)

ညနေ ၅း၅၅ နာရီတွင် စတင် လောင်ကျွမ်းခြင်း ဖြစ်ပြီး မီးလောင်မှု ပြင်းထန်သည့် အတွက် မီးသတ်ကား အစီး ၈၀ ထွက်ခွာ ငြိမ်းသတ်လျက်ရှိကြောင်း၊ လက်ရှိတွင် မည်သည့် အကြောင်းကြောင့် စတင် လောင်ကျွမ်းခြင်း ကိုမူ စုံစမ်းဆဲ ဖြစ်ကြောင်း သိရသည်။ (Xinhua)