Connect with us

Environment, Disasters & Accidents

မန္တလေးမြို့ မင်္ဂလာဈေး မီးလောင်မှု မီးညွန့်ကျိုးသွားပြီးနောက် လုံးဝ မီးငြှိမ်းသတ်နိုင်ရေး ဆက်လက်ဆောင်ရွက်နေ

မန္တလေးတိုင်းဒေသကြီး ချမ်းအေးသာစံမြို့နယ်ရှိ မင်္ဂလာဈေးမီးညွန့်ကျိုးသွားပြီး အခြေအနေကိုတွေ့ရစဉ် (ဆင်ဟွာ)

ရန်ကုန်၊မတ်၂၂ ရက် (ဆင်ဟွာ)

မန္တလေးတိုင်းဒေသကြီး ချမ်းအေးသာစံမြို့နယ်ရှိ မင်္ဂလာဈေးတွင် ညနေ ၅ နာရီ ၄၀ မိနစ်ခန့်က စတင်လောင်ကျွမ်းခဲ့သည့်မီးကို ည ၇ နာရီ ၂၀ မိနစ် ခန့်တွင် စတင်ထိန်းသိမ်းနိုင်ခဲ့သည်။

ည ၈ နာရီ ၂၀ မိနစ် ခန့်တွင် မီးညွန့်ကျိုးကာ အတွင်းပိုင်းတွင်လုံး၀ မီးငြှိမ်း သတ်နိုင်ရေးအတွက်မီးသတ်တပ်ဖွဲ့ ဝင်များမှ ဆက်လက်၍ ကြိုးစားဆောင်ရွက် လျက်ရှိကြောင်း မန္တလေးတိုင်းဒေသကြီးမီးသတ်တပ်ဖွဲ့မှသိရသည်။ (Xinhua)