Connect with us

Environment, Disasters & Accidents

အယ်နီညိုအတွက် ပြင်ဆင်သည့် အနေဖြင့် သြင်္ကန်ကို တစ်ရက် ၉ နာရီသာ ရေကစားခွင့်ပြုမည်

မဟာအတာသြင်္ကန်တွင် ပျော်ရွှင်စွာ ရေကစားနေသော ရေပတ်ခံ ကားတစ်စီးအား တွေ့ရစဉ် (ဆင်ဟွာ)

ရန်ကုန်၊မတ်၂၁ ရက် (ဆင်ဟွာ)

သြင်္ကန်တွင် ယခင်နှစ်များက ပုံမှန်ရေကစား ချိန်ကိ ု တစ်ရက်လျှင် ၁၁ နာရီခွင့်ပြုခဲ့ရာမှ ယခုနှစ်တွင် တစ်ရက်လျှင် ကိုးနာရီသာ ရေ ကစားခွင့်ရရှိမည်ဖြစ်ပြီး ယခင်ကရေကစား ချိန်ကို နံနက် ၇ နာရီမှ မွန်းတည့် ၁၂ နာရီ အထိ၊ မွန်းလွဲ ၂ နာရီမှ ညနေ ၆ နာရီအထိ သတ်မှတ်ထားရာမှ ယခုနှစ်တွင် သြင်္ကန် မဏ္ဍပ်များ၌ ရေကစားချိန်ကိ ု နံနက် ၈ နာရီမှ မွန်းတည့် ၁၂ နာရီ၊ ညနေ ၃ နာရီမှ ညနေ ၆ နာရီအထိ ပြောင်းလဲမည်ဖြစ် ကြောင်း ရန်ကုန်မြို့တော်စည်ပင် သာယာရေးကော်မတီ အင်ဂျင်နီယာဌာန (ရေနှင့်သန့်ရှင်းမှု )မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

သြင်္ကန်ကာလတွင် ထိုကဲ့သို့ မြို့နယ်များကို ရေပေးဝေမှုအချိန်များနှင့် ရေကစားချိန် လျှော့ချခြင်းတို့မှ ာ အယ်လ်နီညို ရာသီဥတု အတွက် ပြင်ဆင်ခြင်းဖြစ်ပြီး သြင်္ကန်အပြီးတွင် ရေပြန်လည်သိ ုလှောင် ရေးကိစ္စများ ကိုလျင် မြန်စွ ာပြုလုပ်မည်ဖြစ်ကြောင်း၊ ရေကစား နိုင်ရန် ရေလှောင်ကန်များရှိ ရေပမာဏကို ယခင်နှစ်များက ထက် ပိုမိုသိုလှောင်ထားပြီး လှော်ကား၊ ဂျိုးဖြူရေ နှင့် ဖူးကြီး ရေလှောင်ကန် တို့၌ ၂၀၁၅ ခုနှစ်ကထက် ရေပမာဏ ၅ လက်မခန့် ပိုမိုသိုလှေ ာင်ထားကြောင်း သိရသည်။

ယခုနှစ် သြင်္ကန်ကာလတွင် ရန်ကုန်မြို့ တွင်းရှိမြို့နယ်များသို့ ပုံမှန်ရေပေးဝေနေ ကျအချိန်ထက် လျှော့၍ရေပေးဝေမည်ဖြစ် ပြီး တခြားမြို့နယ်များသိ ု့လည်း ယခင်နှစ်များ ကထက် တစ်နာရီလျှော့ချ၍ ရေပေးဝေသွ ား မည်ဖြစ်ကြောင်း သိရသည်။

ရန်ကုန်မြို့တွင်း မြို့နယ်များဖြစ်သော ကျောက်တံတား၊ ပန်းဘဲတန်း၊ လသာ၊ လမ်း မတော်၊ ဗဟန်းနှင့် ဒဂံ ုမြိ ု့နယ်တိ ု့ကိ ု နံနက် ၈ နာရီမှ ၁၁ နာရီအထိ၊ ညနေ ၃ နာရီမှ ၆ နာရီအထိ ပံ ုမှန်ရေပေးဝေနေကျအချိန် ထက်လျှော့ချ၍ ပေးဝေမည်ဖြစ်ပြီး အလုံ၊ ကြည့်မြင်တိုင် နှင့် စမ်းချောင်းမြို့နယ် တို့ကိုနံနက် ၈ နာရီမှ ၁၀ နာရီအထိသာ ရေပေး ဝေမည်ဖြစ်ကြောင်း ၎င်းတာဝန်ရှိသူတစ်ဦးက ဆိုသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.