Environment, Disasters & Accidents
မိုးညှင်းမြို့ ၏ မြောက်-အရှေ့မြောက်ဘက် (၂၇) မိုင်ခန့်အကွာ ကို ဗဟိုပြု၍ အင်အား ၄.၆ အဆင့်ရှိငလျင်တစ်ခုလှုပ်ရှား

ရန်ကုန်၊ ဒီဇင်ဘာ ၂၄ ရက် (ဆင်ဟွာ)
မိုးညှင်းမြို့ ၏ မြောက်-အရှေ့မြောက်ဘက် (၂၇) မိုင်ခန့်အကွာ ကို ဗဟိုပြု၍ အင်အားရစ်(ခ်)တာစကေး (၄.၆) အဆင့်ရှိ အင်အားအနည်းငယ်ရှိသော မြေငလျင်တစ်ခု လှုပ်ရှားသွားကြောင်း မိုးလေဝသ နှင့် ဇလဗေဒညွှန်ကြားမှု ဦးစီးဌာန မှ ယနေ့ သတင်းထုတ်ပြန်သည်။ဒီဇင်ဘာလ (၂၄)ရက်နေ့ မြန်မာစံတော်ချိန် (၀၃)နာရီ (၁၂)မိနစ် (၀၁)စက္ကန့် အချိန်တွင် မန္တလေးမြေငလျင်စခန်းမှ မြောက်ဘက် (၂၁၅)မိုင်ခန့့် ကွာဝေးသော မိုးညှင်းမြို့တွင် ငလျင်လှုပ်ရှားသွားခဲ့ခြင်း ဖြစ်ပြီး ပျက်စီးဆုံးရှုံးမှု မရှိကြောင်း သိရသည်။ (Xinhua)