Environment, Disasters & Accidents
မော်လိုက်မြို့ ၏ အရှေ့မြောက်ဘက်တွင် အင်အားရစ်(ခ်)တာစကေး(၄.၈)အဆင့်ရှိ ငလျင်တစ်ခုလှုပ်ရှား

ရန်ကုန်၊ ဇူလိုင် ၁ ရက် (ဆင်ဟွာ)
၂၀၁၇ ခုနစ်၊ ဇူလိုင်လ (၁)ရက်နေ့ မြန်မာစံတော်ချိန် (၁၃)နာရီ (၃၁)မိနစ် (၁၄)စက္ကန့်အချိန်တွင် မြန်မာနိုင်ငံပြည်တွင်း (မော်လိုက်မြို့ ၏ အရှေ့မြောက်ဘက် မိုင်(၂၀)ခန့်အကွာ) ကို ဗဟိုပြု၍ အင်အားရစ်(ခ်)တာစကေး(၄.၈)အဆင့်ရှိ အင်အား အနည်းငယ်ရှိသော မြေငလျင် တစ်ခုလှုပ်ရှားသွားကြောင်း မိုးလေဝသ နှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ သတင်းထုတ်ပြန်သည်။
အဆိုပါငလျင်သည် အင်အားအနည်းငယ်သာရှိသည့်အတွက် ပျက်စီးဆုံးရှုံးမှု မရှိနိုင်ကြောင်း မိုးဇလမှတာဝန်ရှိသူတစ်ဦးက ဆင်ဟွာကိုပြောသည်။ (Xinhua)