Connect with us

Environment, Disasters & Accidents

ဧရာဝတီမြစ်နှင့် ချင်းတွင်းမြစ်တို့ရှိ နေရာ ခုနစ်ခု၌ မြစ်ကြောင်း ထိန်းသိမ်းရေး လုပ်ငန်းများ လုပ်ဆောင်မည်

ဧရာဝတီမြစ်အားတွေ့ရစဉ် (ဆင်ဟွာ)

ရန်ကုန်၊ ဇူလိုင် ၁ ရက် (ဆင်ဟွာ)

ဧရာဝတီမြစ်ကြောင်းနှင့် ချင်းတွင်းမြစ်ကြောင်း တစ်လျှောက် နေရာ ခုနစ်နေရာ၌ မြစ်ကြောင်း ထိန်းသိမ်းရေး လုပ်ငန်းများကို ၂ဝ၁၇-၂ဝ၁၈ ဘဏ္ဍာနှစ်အတွင်း လုပ်ဆောင်ရန် စီစဉ်ထားကြောင်း ရေအရင်းအမြစ်နှင့် မြစ်ချောင်းများ ဖွံ့ဖြိုး တိုးတက်ရေး ဦးစီးဌာန တာဝန်ရှိသူ တစ်ဦးထံမှ သိရသည်။

အဆိုပါ မြစ်ကြောင်း ထိန်းသိမ်းရေး လုပ်ငန်းကို ဧရာဝတီမြစ်ကြောင်း တစ်လျှောက်ရှိ နေရာသုံးခုအတွက် ငွေကျပ် ၈၆၅ သန်းနှင့် ချင်းတွင်းမြစ်ကြောင်း တစ်လျှောက်ရှိ နေရာလေးခုအတွက် ငွေကျပ် ၄၃၂ သန်းကို ဘတ်ဂျက်သုံးစွဲခွင့် ခွင့်ပြု ပေးထားကြောင်း သိရသည်။

ထို့ပြင် မတ္တရာ – ဆင်ကျွန်းရေလမ်းကြောင်း ကောင်းမွန်ရေး ဆောင်ရွက်ရန် ငွေကျပ် ၇၂၅ သန်းနှင့် ရခိုင်ပြည်နယ်ရှိ မြစ်များ၌ ရေလမ်းကြောင်း ကောင်းမွန်ရေး ဆောင်ရွက်ရန် ငွေကျပ် ၁ဝ၇ သန်းကျော်တို့ကို သုံးစွဲရန် ခွင့်ပြုထားပြီး ၂ဝ၁၇-၂ဝ၁၈ ဘဏ္ဍာနှစ်အတွင်း စီမံကိန်းပေါင်း ၁၆ ခုကို လုပ်ဆောင်ရန် စီစဉ်ထားကြောင်း ပြန်ကြားရေးဝန်ကြီးဌာန ၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.